ပရိသတ် ၃၄၀၀၀ ဆန့်ကွင်းအဖြစ် တိုးချဲ့ တည်ဆောက်ရန် ချေးငွေ ပေါင် ၁၂၅ သန်း ရယူလာတဲ့ ပရီးမီးယားလိဂ်ကလပ်
=======================
ပရီးမီးယားလိဂ်ကလပ်တစ်ခုဟာ ကွင်းအား အဆင့်မြှင့်တိုးချဲ့တည်ဆောက်မှု ပြုလုပ်ရန်အတွက် ချေးငွေ ရယူလာပါတယ်။
လန်ဒန်အခြေစိုက်ကလပ် ခရစ္စတယ်ပဲလေ့စ်ဟာ Selhurst Park အား အဆင့်မြှင့်တည်ဆောက်ရန် Goldman Sachs Group Inc. ထံမှ ပေါင် ၁၂၅ သန်းချေးငွေ ရယူလာမှာလည်း ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ပရိသတ် ၂၆၀၀၀ ဆန့် Selhurst Park ကွင်းအား ပရိသတ် ၃၄၀၀၀ ဆန့် ကွင်းအဖြစ် အဆင့်မြှင့် တိုးချဲ့ တည်ဆောက်မှု ပြုလုပ်သွားပါမယ်။
ပဲလေ့စ်ရဲ့ Selhurst Park ကွင်းအား တိုးချဲ့တည်ဆောက်မှုမှ ပေါင်သန်း ၁၀၀ ကျော် ကုန်ကျမယ်လို့ ခံမှန်းထားရပေမယ့်လည်း ပေါင်သန်း ၁၅၀ သန်းအထိလည်း ကုန်ကျလာနိုင်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ အဓိကပွဲကြည့်စင်အား အဆင့်မြှင့်တည်ဆောက်မှုကို လာမယ့် ဇန်နဝါရီလတွင် စတင် တည်ဆောက်လာမှာလည်း ဖြစ်ပါတယ်။
ဥရောပတလွှားကလပ်များဟာ ကွင်းအား တိုးချဲ့တည်ဆောက်မှုများ ပြုလုပ်နေကြပါတယ်။ ကွင်းကို တိုးချဲ့တည်ဆောက်မှုကြောင့် ကလပ်ရဲ့ ဝင်ငွေတိုးပွားလာမှုနှင့်အတူ အသင်းကိုလည်း တည်ငြိမ်စွာ ကာလရှည်ကြာ ရပ်တည်ရေး အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။