ငလျင်ဒ-ဏ်သင့် ပြည်သူများအတွက် WFP ၏ စားနပ်ရိက္ခာအကူအညီများပေးအပ်မှု၌ တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ လေးသန်းပါဝင်ထောက်ပံ့

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ မြန်မာ့ငလျင်ဒ-ဏ်သင့်ဒေသများသို့စားနပ်ရိက္ခာအကူအညီများ ပေးအပ်ရာတွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ လေးသန်းထောက်ပံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့ က မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံသည် Global Development and South-South Cooperation Fund မှတစ်ဆင့် WFP သို့ အမေရိကန်ဒေါ်လာ ၄ သန်း ထောက်ပံ့ခဲ့ပြီး ငလျင်ဒ-ဏ်သင့်ဒေသများရှိ ပြည်သူလူထုအတွက် စားနပ်ရိက္ခာအကူအညီများ ပံ့ပိုးကူညီပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ရန်ပုံငွေဖြင့် (၅၁၆၂) တန်ဝယ်ယူနိုင်ခဲ့ပြီး ပြည်သူ‌ပေါင်း( ၃၇၉,၀၀၀) အကျိုးခံစားခွင့်ရရှိခဲ့ပြီး ယခုအချိန်တွင် ဆန်အများစုကို အဆင်ပြေစွာဖြန့်ဝေပေးအပ်ပြီးဖြစ်ပြီး ကျန်ရှိသည့်ဆန်များကို လာမည့်နှစ်ဇန်နဝါရီလတွင် အစီအစဉ်အတိုင်းဖြန့်ဝေပေးအပ် မည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သဘာဝဘေးဒဏ်သင့်မိသားစုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ နွေးထွေးသောအိမ်ကလေးများ ပြန်လည်ထူထောင် တည်ဆောက်ရာ၌ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image