1 ပတ် - ဘာသာပြန်ပါ။

ပါလ်မာရဲ့ ပေါင်ခြံဒဏ်ရာမှာ မှန်းဆရ ခက်ခဲကြောင်း မာရက်စ်ကာဖွင့်ဟလာ
======================

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ကိုးလ်ပါလ်မာရဲ့ ပေါင်ခြံဒဏ်ရာမှာ မှန်းဆရခက်ခဲကြောင်း၊ ယင်းဒဏ်ရာပြဿနာမှာ တစ်ရာသီလုံး ဒုက္ခမပေးလာရန် မျှော်လင့်ကြောင်း ပြောကြားလာပါတယ်။
အသက် ၂၂ နှစ်ရှိ အလယ်တန်းတိုက်စစ်သမားဟာ ကြားရက်တုန်းက အတ္တလန္တာကို ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲတွင် အနားပေးခြင်းခံခဲ့ရပြီးနောက် ယနေ့ အဲဗာတန်နှင့်ပွဲတွင် ပွဲထွက်လာမယ်လို့ ယုံကြည်ရပါတယ်။
ပါလ်မာဟာ နိုဝင်ဘာလတုန်းက နေအိမ် မတော်တဆမှုကြောင့် အရိုးအက်ဒဏ်ရာရရှိပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့်လည်း ပေါင်ခြံဒဏ်ရာပြဿနာပြန်ပေါ်လာခဲ့တာပါ။
မာရက်စ်ကာက "ပေါင်ခြံပါ။ တစ်ရာသီလုံး မစီမံရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် နေ့စဉ် နေဆက် ဖြစ်နေတယ်။ တချို့ရက်တွေမှာ သူကောင်းနေတယ်။ တချို့ရက်တွေမှာ ဆိုးရွားနေတယ်။ လိဒ်နဲ့ပွဲမှာ နာရီဝက်ကစားပြီးတဲ့နောက် နောက်တစ်နေ့မှာ လုံးဝ ဆိုးရွားနေခဲ့တယ်။ ဒါပေမယ့် ဘုန်းမောက်နဲ့ပွဲမှာ တစ်နာရီကစားတော့လည်း အားလုံးအိုကေနေပြန်တယ်။ မှန်းရခက်တယ်။ နေ့တိုင်း ဒီလို ဖြစ်နေတာ"လို့ ပြောကြားသွားပါတယ်။
ဒါပေမယ့် မာရက်စ်ကာက ခွဲစိတ်ကုသမှု ပြုလုပ်မှုက ဒဏ်ရာကို လုံးဝ အရှင်းပျောက်ကင်းမယ်လို့ ဆရာဝန်များက အကြံပေးခြင်းမရှိကြောင်းလည်း ဆိုသွားပါတယ်။
ချဲလ်ဆီးဟာ ဥရောပပြိုင်ပွဲ ကစားနေရမှုနှင့်အတူ သုံးရက်လျှင် တစ်ပွဲကစားနေရတာ ဖြစ်ပြီး ဝက်စ်လေဖိုဖာနာ၊ ရိုမီယိုလာဗီယာအပါအဝင် ကစားသမားအချို့ ကြံ့ခိုင်မှုပြဿနာနှင့် ကြုံနေရပါတယ်။
ပါလ်မာဟာ ဒဏ်ရာပြဿနာများနှင့် လုံးပန်းနေရမှုနှင့်အတူ အင်္ဂလန်ရဲ့ ကျောနံပါတ် ၁၀ နေရာအတွက် တိုက်ပွဲတွင် ခက်ခဲမှုနှင့် ကြုံနေရပါတယ်။
နောက်ဆုံး နိုင်ငံတကာပွဲစဉ်များတုန်းက သောမတ်စ်တူချယ်က ကမ္ဘာ့ဖလားလူစာရင်းသို့ ကျောနံပါတ် ၁၀ ကစားသမား ၂ ဦးတည်းသာ ခေါ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။
ဂျူ့ဘယ်လင်ဂမ်နှင့် မော်ဂန်ရိုဂျာတို့က ဆားဘီးယား၊ အယ်ဘေးနီးယားတို့အား အနိုင်ရတဲ့ပွဲများတွင် ပွဲထွက်ကစားခဲ့ကြပြီး ဖီးလ်ဖိုဒန်က ယင်းနှစ်ပွဲလုံးတွင် အရန်အဖြစ် ဝင်ရောက်ကစားခဲ့ကာ အီးဇီးက တောင်ပံတွင် ကစားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ်မှာ ညာနောက်ခံလူဖြစ်ပေမယ့်လည်း သောမတ်စ်တူချယ်ရဲ့လက်အောက်တွင် အလယ်တန်းနေရာမှာ ကစားခဲ့ပါတယ်။ သူဟာ ဘုန်းမောက်၊ အတ္တလန္တာပွဲတို့တွင် အလယ်တန်းတွင် ကစားခဲ့ပါတယ်။
မာရက်စ်ကာက ယနေ့ည အဲဗာတန်နှင့်ပွဲစဉ်တွင် ရီစီဂျိမ်းစ်ကိုပင် သုံးပွဲဆက် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာနိုင်‌ကြောင်းလည်း အတည်ပြုထားပါတယ်။

image