ရုရှားနိုင်ငံတွင် ကျင်းပသည့် “လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ “ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်

လူတိုင်းပါဝင်လာနိုင်မည် ပညာရေးစနစ်ပေါ်ထွန်းလာစေရေးအကောင်ထည်ဖော်ဆောင်ရွက်သွားမည် အကြောင်း ပြောကြား
ရုရှားနိုင်ငံ မော်စကိုမြို့၌ ယူနက်စကို အဖွဲ့က ကြီးမှူးကျင်းပသည့် “လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ “ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေကြောင်း သိရသည်။
အဆိုပါ ညီလာခံကို ဒီဇင်ဘာ၁၀ ရက်မှ ၁၃ ရက်ထိ ကျင်းပမည်လည်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်း ၂၀၂၁-၂၀၃၀ တွင် ဝေးလံခေါင်ဖျားဒေသရှိသူများ၊တိုင်းရင်းသားလူမျိုးများ ၊မသန်စွမ်းသူများ အားလုံး ပညာသင်ကြားခွင့်ရှိရေးကို ဆောင်ရွက်နေကြောင်း ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။
ထို့ပြင် ဆရာ၊ဆရာများကို လူတိုင်းပါဝင်လာနိုင်မည့် ပညာရေးစနစ်ပေါ်ထွန်းလာစေရန် သင်ကြားမှုနည်းစနစ်များကို ပံ့ပိုးလျက်ရှိပြီး အနာဂတ်ကာလတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လူတိုင်းအကျုံးဝင်ပညာရေးစနစ်ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
ညီလာခံ ဒုတိယနေ့ ဒီဇင်ဘာ၁၁ ရက်နေ့တွင် မြန်မာအပါအဝင်တွင် ဟန်ဂေရီ၊ အီရ်န်၊ ကာဇက်စတန်၊ ဇင်ဗာဘွေ၊ကမ္ဘောဒီးယား၊ ဗဟိုအာဖရိက သမ္မတနိုင်ငံများ၏ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

image