အမိုရမ်ကြောင့် ယူနိုက်တက်စတားများကို အင်္ဂလန်အသင်းတွင် ရွေးချယ်ရန် တူချယ် စိုးရိမ်နေ
===================

သောမတ်စ်တူချယ်ဟာ ယူနိုက်တက်တွင် ခြေစွမ်းပြကစားနေပေမယ့်လည်း မေဆင်မောင့်အား အင်္ဂလန်အသင်းတွင် ရွေးချယ်ရမည်ကို စိုးရိမ်နေပါတယ်။
အင်္ဂလန်နည်းပြတူချယ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက်ကစားသမား တစ်ဦးမျှ မပါဝင်တဲ့ အင်္ဂလန်အသင်းဖြင့် ကစားရန် နီးစပ်နေကြောင်း သိရပါတယ်။
အင်္ဂလန်နည်းပြတူချယ်ဟာ မေဆင်မောင့်အား ခြေစွမ်းကြောင် မဟုတ်ဘဲ ယူနိုက်တက်နည်းပြရူဘင်အမိုရမ် အသုံးပြုနေတဲ့ နည်းဗျူဟာကြောင့် ရွေးချယ်ရေး ဆုံးဖြတ်ရခက်ခဲနေတာ ဖြစ်ပါတယ်။
တူချယ်ဟာ ချဲလ်ဆီးတွင် မေဆင်မောင့်နှင့် အတူ အလုပ်လုပ်ခဲ့ဖူးသလို လက်ရှိခြေစွမ်းပြနေမှုအပေါ်တွင်လည်း ကျေနပ်အားရနေပါတယ်။
ဒါပေမယ့် တူချယ်ဟာ ရူဘင်အမိုရမ် အသုံးပြုနေတဲ့ ဗျူဟာမှာ သူ အင်္ဂလန်အသင်းတွင် အသုံးပြုနေတဲ့ ဗျူဟာနှင့် များစွာ ကွဲပြားနေမှုနှင့်အတူ မေဆင်မောင့်အား ရွေးချယ်ရန် စဉ်းစားခက်ဲနေခြင်း ဖြစ်ပါတယ်။
အင်္ဂလန်နည်းပြတူချယ်ဟာ ပြီးခဲ့တဲ့လတုန်းက အဲဗာတန်နှင့် ပွဲစဉ်အား အိုးထရက်ဖို့ဒ်ကွင်းသို့ သွားရောက် ကြည့်ရှုစဉ် ဥမင်လှိုဏ်ခေါင်းအတွင်းတွင် ယူနိုက်တက်ကစားသမားများဖြစ်ကြတဲ့ မေဆင်မောင့်၊ လုခ်ရှောတို့နှင့် အချိန်တန်ကြာ စကားပြော ဆွေးနွေးခဲ့ပါတယ်။
လုခ်ရှောနှင့် မေဆင်မောင့်တို့ဟာ ယခုရာသီတွင် ဒဏ်ရာကင်းကင်းဖြင့် ယူနိုက်တက်တွင် အကောင်းဆုံးကစားနေကြပေမယ့်လည်း အင်္ဂလန်အသင်းတွင် ဆက်လက် ချန်လှပ်ခြင်းခံလာခဲ့ရသူများ ဖြစ်ပါတယ်။

image