ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကို အဆုံးသတ်ပေးနိုင်မည်ဟု ထရမ့် ယုံကြည်
---------------------------
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား တိုက်ခိုက်မှုတွေဟာ ဒီကနေ့ ကြာသပတေးနေ့မှာ စတုတ္ထမြောက်နေ့ကို ရောက် ရှိလာပြီး နှစ်ဖက်စလုံးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတိပြုထားတဲ့ ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်း နေခဲ့ ကြတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်နယ်ထရမ့် ကတိပြုထားတဲ့ ဖုန်းခေါ်ဆိုမှုကနေ အရှေ့ တောင်အာရှနှစ်နိုင်ငံကြားက ပဋိပက္ခကို ထပ်မံအဆုံး သတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်က ၅၀၈ မိုင် ရှည်လျားတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် က ဆယ်နေရာကျော်မှာ အပြင်းထန်ဆုံးတိုက်ပွဲအချို့ ဖြစ်ပွားခဲ့တာပါ။
လက်ရှိမှာတော့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် စစ်ရေးအခြေအနေ တင်းမာနေတဲ့၊ ပိုဆိုးလာနိုင်တဲ့ နေရာတွေမှာ နေထိုင်တဲ့ နှစ်ဖက်ပြည်သူ တွေဟာ ဘေးလွတ်ရာဆီ အလောတကြီး ရွှေ့ပြောင်းထွက်ခွာနေပါ တယ်။ ထိုင်းနဲ့ကမ္ဘောဒီးယား စစ်တပ်တွေ ကတော့ တစ်ဖက်က ရန်စမှုတွေကို တုံ့ပြန်ရုံသာ စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်နေကြောင်း အသီးသီး ပြောထားပေမဲ့ တင်းမာမှုတွေက သိသိသာသာ မြင့်တက်လာ နေပါတယ်။