ထိုင်းနိုင်ငံတွင် တရားမဝင် အခြေအနေရှိနေသည့် မြန်မာ၊လာအို၊ ဗီယက်နမ်နိုင်ငံသားများအတွက် ဘတ်တရားဝင်ဖွင့်

ထိုင်းနိုင်ငံတွင် တရားမဝင် အခြေအနေရှိနေသည့် မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံသားများအားနေထိုင်အလုပ်လုပ်ခွင့်ပြုမည့် ဘတ်ခေါ် ပန်းရောင်ကတ် (Work Permit )ပေးခြင်းအစီအစဉ်ကို ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး အတည်ပြုပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံသားများ၏ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်မှ အခွင့်အာဏာ အပ်နှင်းခြင်းခံရသော အကျိုးဆောင်ကုမ္ပဏီများသည်ဥပဒေနှင့်အညီ အလုပ်လုပ်ခွင့်လျှောက်လွှာအား တင်ပြရမည် ဖြစ်ကြောင်းသိရသည်။
ယခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသော အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရဖြစ်ပြီး လျှောက်လွှာ တင်သွင်းခြင်းအတွက် အခကြေးငွေများ ပေးသွင်းခြင်းကို www.ework-permit.doe.go.th တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိသတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နှင့် မတ် ၃၁ ရက်များတွင် အလုပ်လုပ်ခွင့် သက်တမ်း ကုန်မည့် မြန်မာ၊ လာအို၊ ဗီယက်နမ်ရွှေ့ပြောင်းအလုပ်သမား လူဟောင်းများအား တစ်နှစ်သက်တမ်း ထပ်တိုးပေးမည်ဟု အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

image