သတင်းအရင်းအမြစ် ထုတ်ပြောရေးဆိုင်ရာဥပဒေ ဗီယက်နမ်လွှတ်တော် အတည်ပြု

သတင်းအရင်းအမြစ် ထုတ်ပြောရေးဆိုင်ရာဥပဒေနှင့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေများပြောင်းလဲပြင်ဆင်ရေး အစီအစဉ်ကို ဗီယက်နမ်လွှတ်တော်က ဒီဇင်ဘာ ၁၀ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ဗီယက်နမ်အစိုးရ၏ သတင်းမီဒီယာဥပဒေများနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေများ ထပ်မံ တင်းကျပ်မည့် အစီအစဉ်ကြောင့် ဗီယက်နမ်သတင်းသမားများအနေဖြင့် သတင်းလွတ်လပ်စွာရယူခွင့် ပိုမိုခက်ခဲ ကျပ်တည်းလာနိုင်ကြောင်းသတင်းလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူများက
ဝေဖန်ထားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံ
ပေါင်း ၁၈၀ အနက် ဗီယက်နမ်နိုင်ငံမှာ အဆင့် ၁၇၃နေရာတွင် ရပ်တည်နေသော နိုင်ငံဖြစ်သည်။
ဗီယက်နမ်လွှတ်တော်က ဒီဇင်ဘာ ၁၀ ရက်တွင် အတည်ပြုခဲ့သော သတင်းအရင်းအမြစ်ထုတ်
ပြောရေးဆိုင်ရာ ဥပဒေသစ်အရ မည်သည့်အမှုအခင်းမျိုးတွင်မဆို သက်ဆိုင်ရာတာဝန်ရှိသူများက
မေတ္တာရပ်ခံပါက သတင်းသမားများအနေဖြင့်၎င်းတို့ သတင်းရယူရာ သတင်းအရင်းအမြစ်များကို
ဖွင့်ပြောရမည်ဖြစ်သည်။
လာမည့်နှစ် ဇူလိုင်လတွင် စတင်အာဏာသက်ဝင်မည့် အထက်ပါဥပဒေ၌ သတင်းအရင်း
အမြစ်များ ဖွင့်ပြောရေးအတွက် အမိန့်ထုတ်ပြန်ခွင့်ကို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့
တို့ကို အပ်နှင်းထားသည်။
လက်ရှိ မီဒီယာဥပဒေများအရ အမှုအခင်းကြီးများကို စုံစမ်းစစ်ဆေးရာတွင်သာ သတင်းအရင်း
အမြစ်များ ထုတ်ပြောရေးကို တရားသူကြီးများကတောင်းဆိုနိုင်သည်။

image