ကမ္ဘောဒီးယား - ထိုင်းတိုက်ပွဲ နယ်စပ်တစ်လျှောက်ကျယ်ပြန့်လာ၊ လူသိန်းချီရွှေ့ပြောင်းရ
အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံကြား တစ်ကျော့ပြန်တိုက်ပွဲများ အငြင်းပွားနယ်စပ်တစ်လျှောက် ကျယ်ပြန့် လာစဉ် ၎င်းတို့ ပိုင်နက်ထဲ ရောက်ရှိနေသော ကမ္ဘော ဒီးယားတပ်ဖွဲ့များအား တိုက်ထုတ်ရန် လုပ်ဆောင် သွား မည်ဟု ထိုင်းက ယနေ့တွင် ပြောကြားသည်။
ဇူလိုင်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရရှခဲ့သည့် ထိရှလွယ် အပစ်အခတ် ရပ်စဲမှုကို လမ်းလွဲသွားစေခဲ့သော ယခုတိုက်ခိုက်မှုများကို အ ခြားတစ်ဖက်က စတင်ခဲ့ကြောင်း အပြန်အလှန် စွပ်စွဲ နေကြသည်။
အပစ်အခတ်ရပ်စဲမှုကို လေးစားလိုက်နာကြရန် အမေရိကန်သမ္မတနယ်ထရန့်က တိုက်တွန်းထားသည်။
ယမန်နေ့ည တိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ရာသေဆုံးသူ ခြောက်ဦးရှိလာခဲ့သည်။
ထိုင်းကမ်းရိုးတန်း ထရက်ပြည်နယ်ထဲတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များ ရောက်ရှိနေသည်ကို တွေ့ရပြီး ၎င်းတို့အား တိုက်ထုတ်ရန် စစ်ဆင်ရေးစတင်သွားမည်ဖြစ်ကြောင်း ထိုင်းရေတပ်က ယနေ့ နံနက်တွင် ပြောကြားသည်။
တစ်ကျော့ပြန်လာသည့် နယ်စပ်တိုက်ခိုက်မှုများတွင် က မ္ဘောဒီးယားကလည်း လက်တုံ့ပြန်ခဲ့ကြောင်း ဩဇာကြီး သောခေါင်းဆောင်ဟောင်း ဟွန်ဆန်က ပြောကြားသည်။
ပြီးခဲ့သည့် နှစ်ရက်တွင် ၎င်းတို့က လက်တုံ့ပြန် တိုက်ခိုက်ခြင်းမရှိကြောင်း ဖနွမ်းပင်က ပြောသည်။
အပစ်အခတ်ရပ်စဲမှုကို လေးစားလိုက်နာပြီး လူများဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး အချိန်ပေးပြီးနောက် မိမိတို့ ဘက်က ယမန်နေ့ညနေနှင့် ယနေ့နံနက်တွင် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း အထက်လွှတ်တော်ဥက္ကဌ နှင့် ဝန် ကြီးချုပ်ဟောင်း ဟွန်ဆန်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားသည်။
ရန်သူ တိုက်ခိုက်လာသော နေရာအားလုံးတွင် မိမိတို့တပ်ဖွဲ့များက ပြန်တိုက်ရမည်ဖြစ်ကြောင်း၊ ရန်သူ့ တပ်ဖွဲ့ များ အား ဖျက်ဆီးရန် မဟာဗျူဟာကိုလည်း အကောင်အ ထည်ဖော်ရမည်ဖြစ်ကြောင်း ဟွန်ဆန်က ဆက်ပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် အချုပ်အခြာ ပြန်လည်ရရှိရေး အ ကြောင်းပြ၍ အရပ်သားကျေးရွာများကို တိုက်ခိုက်ရန် စစ်အင်အားသုံးရမည် မဟုတ်ကြောင်း ဟွန်ဆန်၏သားဖြစ်သူ လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က တနင်္လာ နေ့တွင် ပြောကြားသည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များက အင်အားဖြည့်တင်းနေပြီး လက်ဖြောင့်တပ်သားများ၊ လက်နက်ကြီးများချထားခြင်း၊ ဘန်ကာများကို ပိုမိုခိုင်မာအောင်လုပ်ခြင်း၊ ကတုတ်ကျင်းတူးခြင်းများ လုပ်ဆောင်နေကြောင်း ထိုင်းရေတပ်က ပြော ကြားသည်။
ထိုလုပ်ရပ်များသည် ထိုင်းနိုင်ငံ၏ အချုပ်အခြာကို လေ းနက်စွာ ခြိမ်းခြောက်နေသည်ဟု ထိုင်းရေတပ်က ဆက် ပြောသည်။
ကမ္ဘောဒီးယားစစ်ဘက်ကို ချည့်နဲ့သွားစေရန် ကြိုးပမ်းမှုအဖြစ် ၎င်းတို့၏တိုက်လေယာဉ်များက ကမ္ဘော ဒီးယား စစ်စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု ထိုင်းက ယမန်နေ့က ပြောကြားသည်။
ထိုင်းက လူမဆန်သော ရက်စက်သော တိုက်ခိုက်မှုများ လုပ်နေကြောင်း ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပြီး ၎င်းတို့ ဘက် က လက်တုံ့မပြန်သေးဟု ဆိုသည်။
ကမ္ဘောဒီးယားက အသစ်ထောင်ထားသည်ဟု ထိုင်းကပြောသော မြေမြုပ်မိုင်းနင်းမိ၍ ထိုင်းစစ်သားတစ်ဦး ဒုက္ခိ တဖြစ်သွားခဲ့ကာ အခြားခုနစ်ဦး ဒဏ်ရာရရှိသွားခဲ့ချိန်၌ စစ်ရှိန်လျှော့ချရေး အစီအစဉ်များကို ဆိုင်းငံ့ထားမည် ဖြစ် ကြောင်း ထိုင်းအစိုးရက ပြီးခဲ့သည့်လက ပြောကြားခဲ့ပြီးနောက်တွင် နှစ်နိုင်ငံကြားတင်းမာမှုများ တအုံနွေးနွေး ပြန် ဖြစ်လာခဲ့သည်။
ကမ္ဘောဒီးယားကမူ မိုင်းများ ထပ်ထောင်ထားကြောင်းကို ငြင်းဆိုခဲ့သည်။
ကမ္ဘောဒီးယားက မတောင်းပန်မချင်း အပစ်ရပ်ရေးသ ဘောတူညီချက်ပါ အချက်များကို အကောင်အထည် ဖော် မည်မဟုတ်ဟု ထိုင်းက ပြောသည်။
မိမိတို့အစိုးရအနေဖြင့် နိုင်ငံ၏အချုပ်အခြာတည်မြဲရေးအတွက် လိုအပ်သမျှလုပ်ဆောင်သွားမည်ဖြစ်ကာ ကမ္ဘောဒီး ယားနှင့် ဆွေးနွေးမှုများ လုပ်မည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ် က ယမန်နေ့တွင် ပြော သည်။
ကမ္ဘောဒီးယားက ဒရုန်းများအသုံးပြု၍ ထိုင်းစစ်စခန်းများအပေါ် ဗုံးကြဲနေပြီး အရပ်သား ဧရိယာများကို ယာဉ်တင် BM-21 ဒုံးကျည်များဖြင့် ပစ်ခတ်နေသည်ဟု ထိုင်းစစ်ဘက်က ပြောကြားသည်။
၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်များတွင် တ ရုတ်နိုင်ငံလုပ် တာဝေးပစ်ဒုံးကျည်များလည်း ပါဝင်ခဲ့ ကြောင်း ထိုင်းစစ်ဘက်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောသည်။
နယ်စပ်တိုက်ခိုက်မှု အသစ်များကြောင့် ထိုင်းအာဏာပိုင်များက နယ်စပ်ခရိုင် ဒေသကြီး ငါးခုမှ အရပ်သား ၄၃၈၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းထားကြပြီး ကမ္ဘောဒီယားတွင်လည်း လူထောင်ပေါင်းများစွာကို ရွှေ့ပြောင်း ထားကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။