နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံကျောင်းသား ၁၀၀ ကျော် ပြန်လည်လွတ်မြောက်လာ

နိုင်ဂျီးရီးယားနိုင်ငံ နိုင်ဂျာပြည်နယ်တွင်လွန်ခဲ့သည့်လက ပြန်ပေးဆွဲခံခဲ့ရသူများအနက်ကျောင်းသား ၁၀၀ ကျော်ကို ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ခဲ့ကြောင်း နိုင်ဂျီးရီးယားသတင်းဌာနများက ဒီဇင်ဘာ ၇ ရက်တွင်ပြောသည်။
နိုဝင်ဘာ ၂၁ ရက်တွင် နိုင်ဂျာပြည်နယ်ရှိ ပါပီရီရွာငယ်လေးရှိ စိန့်မေရီ ကက်သလစ်ဘော်ဒါကျောင်း၌ သေနတ်သမားများက ကလေး ၃၀၃ ဦးနှင့် ကျောင်းဝန်ထမ်း ၁၂ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက ပြောသည်။
ကျောင်းသား ၅၀ သည် များမကြာမီတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်းထိုအချိန်မှစ၍ ကျန် ကျောင်းသားများနှင့်ကျောင်းဝန်ထမ်းများ ရှိနေသည့်နေရာ၊သို့မဟုတ် အခြေအနေများအကြောင်း
သတင်းအစ ပျောက်ခဲ့သည်။
လက်ရှိလွတ်မြောက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုရှင်းလင်းစွာ မသိရသေးပေ။
နိုင်ဂျာပြည်နယ်အာဏာပိုင်များက ကလေးများ လွတ်မြောက်ကြောင်းတရားဝင်ထုတ်ပြန်ခြင်းမရှိဟုသတင်းဌာနများက ဆိုသည်။ နိုင်ဂျီးရီးယားအစိုးရကမူယင်းကိစ္စ အပေါ် ချက်ချင်းမှတ်ချက်ပေးခြင်းမရှိပေ။

image