စဥ့်အင်တံတား ကြမ်းခင်းများပြင်ဆင်ရန် ရှိနေပြီး ယာယီပိတ်ထားရမည့် အခြေအနေရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် လားရှိုးကြားရှိ စဥ့်အင်တံတား၏ ကြမ်းခင်းများပြင်ဆင်ရန် ရှိနေပြီး ယင်းသို့ ပြ င်ဆင်နေစဉ် (၃) ရက်ခန့် ယာယီပိတ်ထားနိုင်သည်ဟု ဒေသခံတစ်ဦးထံက သိရသည် ။
တံတားပြင်ဆင်ချိန်၌ ဒေသတွင်း ခရီးသွားများ အဆင်ပြေစေရန် စဥ့်အင်ဖောင်ဆိပ်မှတဆင့် ဖောင်ဖြင့်ကားငယ်များကို အသွားအပြန် ပို့ဆောင်ပေးသွားမည်ဟုလည်း သိရသ ည်။
စဉ့်အင်တံတားပြင်ဆင်မှုအား ယနေ့တွင်စတင်ပြင်ဆင်မည်ဟု သိရသော်လည်း လက်ရှိအချိန်အထိ တံတားပိတ်ထားခြင်းမျိုးမတွေ့ရဘဲ ခရီးသွားယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနေသေးကြောင်း ဆိုသည်။
ရှမ်း/မြောက်ဒေသရှိ သီပေါတံတားကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာ (၁၄)ရက် နံနက်ပိုင်းမှ စတင်ပိတ်ထားခဲ့ရာ တစ်လနီး ပါးကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဒေသအတွင်း ခရီးသွားများ အချိန်ကြန့်ကြာခြင်း၊ ယာဉ်စီးခနှုန်းများ မြင့်တက်ခြင်းစသည့် အခက်အခဲပေါင်းများစွာကြုံတွေနေရသည်ဟု အဆိုပါ ဒေသခံက ရှင်းပြ သည်။

image