ဗီယက်နမ်နဲ့ ရင်ဆိုင်ဖို့ မြန်မာအမျိုးသမီးဘောလုံးအသင်း ကြိုတင်ပြင်ဆင် လေ့ကျင့်နေ

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု B နောက်ဆုံးပွဲစဥ်အဖြစ် ဗီယက်နမ်အသင်းနဲ့ မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန် ထိုင်းနိုင်ငံမှာ ယှဥ်ပြိုင်ကစားရမှာဖြစ်လို့ ဒီကနေ့ ကြိုတင်ပြင်ဆင် လေ့ကျင့်နေပြီ ဖြစ်ပါတယ်။
မလေးရှား အသင်းနဲ့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့က၊ ချွန်ဘူရီအားကစားကွင်းမှာ ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ် က ယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ မလေးရှားအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့်မှာ ရမှတ် ၆ မှတ်နဲ့ ရပ်တည်နေပါတယ်။
ဗီယက်နမ်အသင်းက ရမှတ် ၃ မှတ်၊ ဂိုးအရေတွက် အများဆုံးနဲ့ အုပ်စုရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့်လို့ ဒီပွဲမှာ ဗီယက်နမ်အသင်းကို အရှုံးပေးလို့မရတဲ့ အနေအထားဖြစ်နေပါတယ်။
ဗီယက်နမ်အသင်းနဲ့ ကစားမယ့်ပွဲမှာ မြန်မာအမျိုးသမီးဘောလုံးအသင်း အနေနဲ့ သရေကျအောင် ကစားတာနဲ့ အနိုင်ကန်မှသာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
၃၃ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈ နိုင်ငံက နိုင်ငံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်း ၈ သင်း ပါဝင်ယှဥ်ပြိုင်တာဖြစ်ပြီး အုပ်စု A နဲ့ B Group နှစ်ခု ခွဲထားပါတယ်။
အုပ်စု A မှာ ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိုင်ငံကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းတွေဖြစ်ကြပြီး မြန်မာအမျိုးသမီးအသင်းဟာ လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နဲ့အတူ အုပ်စု(မှာ ကျရောက် နေပါတယ်။
၂၀၂၅ Womens Football ပြိုင်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ၄ ရက်ကနေ ၂၀၂၅ ဒီဇင်ဘာ ၁၇ ရက်နေ့အတွင်း ကျင်းပမှာ ဖြစ်တယ်။
ပြိုင်ပွဲရဲ့ Final အဆုံးဖြတ်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံက Chonburi Stadium မှာ ကျင်းပမှာဖြစ်တယ်။

image