မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲစဉ်အား လွဲချော်လာဖို့ ရှိနေတဲ့ ဘက်ပေး
===================

ကိုင်လီယန်ဘက်ပေးဟာ ဘယ်ဖက်ခြေထောက်ဒဏ်ရာကြောင့် ယနေ့ည ဘာနေဗျူးတွင် မန်စီးတီးအား ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အား လွဲချော်လာဖို့ ရှိနေပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟာ တနင်္လာနေ့တုန်းက မန်စီးတီးနှင့်ပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် အလွန်ဆိုဟာ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ကိုင်လီယန်ဘက်ပေးရဲ့ ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး တစုံတရာ ပြောကြားသွားခြင်း မရှိပါဘူး။
ရေဒီယိုသတင်းဌာန Cadena Cope က ဘက်ပေးမှာ ဘယ်ခြေထောက်ဒဏ်ရာ ရရှိထားပြီး မန်စီးတီးနှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေကြောင်း ပြောကြားသွားပါတယ်။
ဘက်ပေးဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၅ ဂိုးသွင်းယူကာ အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ကလပ်ရဲ့ သွင်းဂိုး ၇၅ ရာခိုင်နှုန်းအား သွင်းထားနိုင်ပါတယ်။

image