Landon Donovan MLS MVPဆုအား ၂ နှစ်ဆက် ဆွတ်ခူးလာတဲ့ ပထမဆုံးကစားသမားအဖြစ် လီယွန်နယ်မက်ဆီ စံချိန်သစ်ရေးထိုးလာ
===================

လီယွန်နယ်မက်ဆီဟာ Landon Donovan MLS MVP ဆုအား ၂ နှစ်ဆက် ဆွတ်ခူးလာပါတယ်။ Ballon d'Or ၈ ကြိမ်ရ လီယွန်နယ်မက်ဆီဟာ လိဂ်သမိုင်းတွင် ဒုတိယအကြီးကျယ်ဆုံးအဖြစ် ဂိုးနှင့် ဖန်တီးမှု ၄၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီးနောက် Landon Donovan MLS MVP အား ၂ နှစ်ဆက် ဆွတ်ခူးလာတဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့အပတ်တုန်းက အင်တာမိုင်ယာမီအား ပထမဆုံး MLS Cup ဆွတ်ခူးနိုင်အောင် ၂ ကြိမ် ဖန်တီးကာ ကူညီပေးခဲ့ပြီးတဲ့နောက် MLS Cup MVP ဆု ဆွတ်ခူးနိုင်ခဲသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ Landon Donovan MLS MVP အား ဆွတ်ခူးလာမှုနှင့်အတူ ဒီဆုကို ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။
မက်ဆီဟာ ယခုနှစ်တွင် ၄၈ ကြိမ်(၂၉ ဂိုးနှင့် ၁၉ ကြိမ်ဖန်တီး) ဂိုးနှင့် ဖန်တီးမှု ပြုလုပ်ကာ တစ်ပွဲလျှင် ဂိုး သို့မဟုတ် ဖန်တီးမှု ၁.၇၈ ကြိမ် ပြုလုပ်ထားနိုင်ပြီး မေဂျာလိဂ်သမိုင်းတွင် ဒုတိယအများဆုံးပြုလုပ်ထားနိုင်သူအဖြစ် သမိုင်းမှတ်တမ်းရေးထိုးထားနိုင်ပါတယ်။ မက်ဆီထက် ပိုလုပ်ပြထားနိုင်သူအဖြစ် ဆီဘာစတီယန်ဂျီယိုဗန်နီက ရေးထိုးထားတာပါ။
မက်ဆီဟာ Landon Donovan MLS MVP အား ၂ နှစ်ဆက် မဆွတ်ခူးမီ မေဂျာလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် ၂၉ ဂိုးဖြင့် မေဂျာလိဂ်ဂိုးသွင်းဘုရင်ဆုတို့ကိုလည်း ဆွတ်ခူးထားနိုင်ပါတယ်။
မက်ဆီဟာ Landon Donovan MLS MVP ဆုအား အင်ဒါဒရိုင်ယာ၊ ဒီနစ်ဘူအန်ဂါ၊ အီဗန်ဒါ၊ ဆမ်ဆာရစ်ချ်တို့အား မဲပြတ်သားစွာ ရရှိ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

image