ဂျပန်နိုင်ငံ၏ တတိယသုံးလပတ် GDP သည် နှစ်အလိုက် တွက်ချက်မှုအရ ၂.၃ ရာခိုင်နှုန်း ကျဆင်း
ဂျပန်နိုင်ငံ ကက်ဘိနက်ရုံးမှ ဒီဇင်ဘာလ ၈ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းဇယားများတွင် ဂျပန်နိုင်ငံ၏ တတိယသုံးလပတ် ပြည်တွင်း GDP သည် နှစ်အလိုက် တွက်ချက်မှုအရ ၂.၃ ရာခိုင်နှုန်း ကျဆင်းလာကြောင်း ဖော်ပြထားပါသည်။
၎င်းစာရင်းဇယားသည် ဂျပန်နိုင်ငံ ကက်ဘိနက်ရုံးမှ ယခင်ကထုတ်ပြန်ထားသော အစောပိုင်းစာရင်းဇယားများထက် ပိုမိုကျဆင်းသွားခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံ ကက်ဘိနက်ရုံးမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော အစောပိုင်း စာရင်းဇယားများတွင် ဂျပန်နိုင်ငံ၏ တတိယသုံးလပတ် GDPသည် နှစ်အလိုက်တွက်ချက်မှုအရ ၁.၈ ရာခိုင်နှုန်းကျဆင်းကြောင်း ဖော်ပြထားပါသည်။