ဂျပန်တိုက်လေယာဉ်ကို တရုတ်ရေဒါထောက်မှု နှစ်ဖက်အပြန်အလှန် ကန့်ကွက်

ဂျပန်လေယာဉ်များကို ပစ်မှတ်အဖြစ် တရုတ်တိုက် လေ ယာဉ်များက ရေဒါထောက်ခဲ့ပြီးနောက် ပေကျင်း ၏ သံ အမတ်ကြီးကို ဆင့်ခေါ်ခဲ့ကြောင်း တိုကျိုကပြောသည်။
စနေနေ့တွင် တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းပေါ်မှ J-15 ဂျက်လေယာဉ်များက အိုကီနာဝါအနီး နိုင်ငံတကာရေပိုင်နက်တွင် ရှိနေသော ဂျပန်လေယာဉ်ကို ရေဒါဖြင့်နှစ်ကြိမ် ဖမ်းယူခဲ့ကြောင်း ဂျပန်က ပြောကြားပြီး ဖြစ်စဉ်တွင် ပျက်စီးမှု သို့မဟုတ် ဒဏ်ရာရမှု မရှိခဲ့ပေ။
ပစ်မှတ်များကို ဖော်ထုတ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ထိန်းချုပ်နိုင်ရန် တိုက်‌လေယာဉ်များက ရေဒါများကို အသုံးပြုကြသည်။
တရုတ်ရေတပ်ကမူ တိုကျို၏ ပြောဆိုမှုသည် အချက် အလက်များနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် သွား ပုပ်လေ လွင့် ပြောဆိုမှုများကို ချက်ခြင်းရပ်တန့်ရန် ပြောသည်။
ဂျပန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာကီဟီရို က တရုတ်သံအမတ်ကြီး ဝူကျင်ဟောင်အား ယမန်နေ့တွင် ဆင့်ခေါပြီး ထိုကဲ့သို့ အန္တရာယ်ရှိလုပ်ရပ်များမှာ မလိုလားအပ်စရာဖြစ်သည်ဟု ပြင်းထန်စွာ ကန့် ကွက်ခဲ့သည်။
အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် တာကီဟီရိုက တရုတ်အစိုးရအား ခိုင်မာစွာ တိုက်တွန်းကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက ယမန်နေ့ ညနေပိုင်းတွင် ပြောကြားသည်။
ထိုကန့်ကွက်မှုကို ပယ်ချလိုက်ကြောင်း ပေကျင်းနိုင် ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး ၎င်းတို့၏ တန်ပြန်ကန့် ကွက်မှု ပြန်လည် လုပ်‌ဆောင်ခဲ့သည်ဟု တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက ပြောသည်။
တရုတ်၏ပုံမှန် စစ်‌ရေးလေ့ကျင့်မှုကို ‌နှောက်ယှက်သည့် အန္တရာယ်ရှိလုပ်ရပ်များကို ချက်ခြင်း ရပ်တန့် ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂျပန်အား တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာ သတင်းက ဖော်ပြသည်။
ယင်းဖြစ်စဉ်အပေါ် တည်ငြိမ်ပြတ်သားစွာ တုံ့ပြန်မည်ဟုဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက ယမန်နေ့တွင် ပြောကြားသည်။
မိမိတို့နိုင်ငံ ပတ်ဝန်းကျင်ပင်လယ်နှင့် လေပိုင်နက်မှ တရု တ်စစ်တပ်၏ လှုပ်ရှားမှုများကို အနီးကပ်စောင့် ကြည့်နေချိန်မှာပင် မိမိတို့ပတ်ပတ်လည် ရေပြင် နှင့် ဝေဟင်တွင် စေ့စပ်သောသတိဝီရိယ နှင့် စောင့် ကြည့်မှုများရှိရေး သေချာအောင် လုပ်‌ဆောင်သွားမည်ဟု မစ္စတာကာအိချိက ဆက်ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ဂျပန်က ဆင်ကာကူကျွန်းစုများဟု ခေါ်ဆိုပြီး တရုတ်တွင် ဒိုင်အိုယု ကျွန်းစုများဟု သိကြပြီး ဂျပန်က စီမံခန့်ခွဲနေသော်လည်း ကြာရှည်စွာ အငြင်းပွားနေကြသည့် ကျွန်း စုများအနီးတွင် နှစ်ဖက်ရေယာဉ်များကြား အချေအတင် ဖြစ်ခဲ့ကြသေးသည်။

image