တိုက်လေယာဉ်များပြဿနာအတွက် တရုတ်သံအမတ်ကြီးကို ဂျပန်အစိုးရဆင့်ခေါ်

အိုကီနာဝါ ကျွန်းစုအနီးတရုတ်တိုက်လေယာဉ်များက ဂျပန်တိုက်လေယာဉ်များကို လက်နက်ပစ်လွှတ်မှု ထိန်းချုပ်ရေးရေဒါစနစ်ဖြင့်ချိန်ရွယ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကို ဒီဇင်ဘာ ၇ရက်တွင် ဆင့်ခေါ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၆ ရက်က တရုတ်ရေတပ် လျောင်နင်းလေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်ခဲ့သော ဂျေ၁၅ တိုက်လေယာဉ်များက အိုကီနာဝါကျွန်းစုအနီးတွင် ဂျပန်တိုက်လေယာဉ်များကို လက်နက်ပစ်လွှတ်မှု
ထိန်းချုပ်ရေးရေဒါစနစ်များဖြင့် နှစ်ကြိမ်တိုင်တိုင် ချိန်ရွယ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားထားသည်။
တိုက်လေယာဉ် များသည်ပစ်မှတ်ရှာဖွေသတ်မှတ်ရေးအတွက်ရေဒါစနစ်ကို အသုံးပြုနိုင်သလို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း ရေဒါစနစ်များ အသုံးချနိုင်သည်။
သို့ရာတွင် တရုတ်တိုက်လေယာဉ်များ၏ ဒီဇင်ဘာ ၆ ရက် လုပ်ရပ်များသည် အလွန်အန္တရာယ်ကြီး
ကြောင်း ဂျပန်နိုင်ငံက ဝေဖန်ထားသည်။
သို့ရာတွင် တိုက်လေယာဉ်များဖြစ်စဉ်နှင့်ပတ်သက်၍ ဂျပန်အစိုးရ၏ပြောကြားချက်ကို တရုတ်ရေတပ်ကငြင်းပယ်ထားသည်။အိုကီနာဝါကျွန်းစုအနီး နိုင်ငံတကာရေပြင်အတွင်း တရုတ်ရေတပ် စစ်ရေးလေ့ကျင့် နေစဉ် ဂျပန်တိုက်လေယာဉ်များက အကြိမ်ကြိမ်ချဉ်းကပ်ပျံသန်း၍ အနှောင့်အယှက်ပေးခဲ့ကြောင်း တရုတ်ရေတပ် ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားထားသည်။

image