အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ ရုရှားကြိုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ကို ရုရှားအစိုးရကဒီဇင်ဘာ ၇ ရက်တွင် ကြိုဆိုလိုက်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် စစ်အေးတိုက်ပွဲခေတ် ရန်သူဟောင်းဖြစ်သော အမေရိကန်ပြည်ထောင်စုကထုတ်ပြန်သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာစာတမ်းတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ကြိုဆိုစကားပြောကြား ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်ပါ သဘောတရားများမှာ ရုရှားနိုင်ငံ၏ ကိုယ်ပိုင်သဘောတရားများနှင့် အတော်လေးတိုက်ဆိုင်မှုရှိကြောင်း ကရင်မလင်
နန်းတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမေရိကန်အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် သမ္မတဒေါ်နယ်ထရန့်၏ သဘောထားကို ပြောင်းလွယ်ပြင်လွယ်ရှိသော လက်တွေ့ဝါဒအဖြစ် ရည်ညွှန်းထားသည်။
ယင်းအပြင် အထက်ပါ အမျိုးသားလုံခြုံရေးမဟာဗျူဟာသစ်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၁၉ ရာစုခေတ်အတွင်း ကျင့်သုံးခဲ့သောမွန်ရိုးအယူအဆကို ပြန်လည်ကျင့်သုံးသင့်ကြောင်းအဆိုပြုထားသည်။
မွန်ရိုးအယူအဆတွင် အနောက်ယဉ်စွန်းတန်းဒေသကို အမေရိကန်ပြည်ထောင်စု၏ ဩဇာ သက်ရောက် ရမည့် ပထဝီဒေသအဖြစ် ကြေညာထားသည်။
အမေရိကန်အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် အမေရိကန် အစိုးရအနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက် တည်ငြိမ်မှု ပြန်လည်ထားရှိသင့်ကြောင်း အဆိုပြုထားသည်။

image