၂၀၂၅ ထိုင်းဆီးဂိမ်းစ် ဖွင့်ပွဲအခမ်းအနားကို
ယနေ့ကျင်းပမယ်
၃၃ ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ထိုင်းဆီးဂိမ်းစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်းအတွင်း ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲကို ဒီဇင်ဘာလ ၉ ရက်ကနေ ၂၀ ရက်အထိ ၁၂ ရက်ကြာ ကျင်းပသွားမှာပါ။
ပြိုင်ပွဲမှာ အာဆီယံ ၁၁ နိုင်ငံက အားကစားသမားပေါင်း ၉၃၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပါ
လိမ့်မယ်။
အားကစားနည်းအမျိုးအစားပေါင်း ၅၀ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး ပွဲစဉ်ပေါင်း ၅၇၄ ပွဲ
ရှိမှာဖြစ်တယ်။
မြန်မာအားကစားအဖွဲ့ကတော့ အားကစားသမား ၅၄၃ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
အိမ်ရှင် ထိုင်းအားကစားအဖွဲ့က အများဆုံးအဖြစ် အားကစားသမား ၁၅၃၅ ဦး ပါဝင်ယှဉ်ပြိုင်မှာ
ဖြစ်တယ်။
ထိုင်းပြီးနောက် ဖိလစ်ပိုင်က ၁၁၆၈ ဦး၊ မလေးရှားက ၁၁၄၂ ဦး၊ အင်ဒိုနီးရှားက ၁၀၅၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။