မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ စာဖြေရက်ကြေညာ

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ တေရသမ (၁၃)ကြိမ်မြောက်သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ကျောင်းစာဖြေဌာနများ၏ မူလတန်းနှင့် အလယ်တန်းအတွက် စာဖြေဆိုရက်ကို ယခင်သတ်မှတ်ထားသည့် ၃-၁-၂၀၂၆ ရက်ကို ပယ်ဖျက်၍၁၀-၁-၂၀၂၆ ရက် နံနက် ၉ နာရီတွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စာရင်းဖြည့်သွင်းရန် Google Form Link အား စာသင်ကျောင်းများစုံညီ Viber Group မှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး ဖြေဆိုကျောင်းသား၊ ကျောင်းသူာရင်းများကို ၂၈-၁၂-၂၀၂၅ ရက်အထိ နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဗုဒ္ဓဝံသဒီပလိုမာတန်းကို အောင်မြင်ပြီးမြောက်သူများအနေဖြင့် ဆက်လက်ဖြေဆို ပူဇော်ရမည့် ပထမအကြိမ် အဆင့်မြင့် ဗုဒ္ဓဝံသဒီပလိုမာတန်းကို ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များသည် လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုပူဇော်ကြမည်ဖြစ်သည်။
အဆင့်မြင့် ဗုဒ္ဓဝံသဒီပလိုမာတန်း (၁/၂၀၂၅)ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိ ဗိမာန်တော်နှင့် ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် သံတံတားရပ်ကွက်ရှိ မဟာဝိဇိတာရာမ အလံပြကျောင်း စသည့်စာဖြေဌာနတို့တွင် ဖြေဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) စာမေးပွဲ ဦးဆောင်ကျင်းပရေးကော်မတီက ထုတ်ပြန်သည့်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီး စာဖြေ ဌာနတွင် ၁၅၃ ဦး၊ ပဲခူးတိုင်းဒေသကြီး
ဒိုက်ဦးမြို့ စာဖြေဌာနတွင် ၆၁ ဦးဖြစ်ကြောင်း သိရသည်။

image