ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်ကို တရုတ် စတင်
----------------------

တရုတ်အခြေစိုက် China Eastern လေကြောင်းလိုင်းဟာ မိုင်ပေါင်း (၁၂,၄၀၀)အကွာအဝေးကို (၂၉)နာရီကြာ ပျံသန်းပြီး ကမ္ဘာ့အရှည်ကြာဆုံး စီးပွားဖြစ် လေယာဥ်ခရီးစဉ်ကို စတင်လိုက်တယ်လို့ Newsweek သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ(၄)ရက်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကနေ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီမြို့ကို ပျံသန်းခဲ့တဲ့ ဒီလေယာဥ်ခရီးစဥ်ဟာ ကမ္ဘာ့အရှည်ကြာဆုံးအဖြစ် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
ခရီးစဥ် တစ်လျှောက် လေယာဉ်ဆီဖြည့်ဖို့နဲ့ အမှုထမ်းတွေ အလှည့်ကျ လဲလှယ်ဖို့ နယူးဇီလန်နိုင်ငံ အုတ်ကလန် မြို့မှာ (၂) နာရီကြာ ခေတ္တရပ်နားခဲ့တယ်လို့ သိရပါတယ်။ ရှန်ဟိုင်းကနေ ဗျူနိုအေရီကို ပျံသန်းတဲ့ ခရီးစဥ်ဟာ အချိန်(၂၅) နာရီကျော် ကြာမြင့်ခဲ့ပြီး အပြန်ခရီးစဥ်က (၄)နာရီ ပိုကြာခဲ့ကာ (၂၉)နာရီအထိ ကြာမြင့်ခဲ့တာပါ။ ဒီခရီးစဉ်ကို ကမ္ဘာ့အရှည်ကြာဆုံး လေယာဥ်ခရီးစဥ်အဖြစ် သတ်မှတ်ကြပါတယ်။
China Eastern ရဲ့ ဒီဝန်ဆောင်မှုက အရင် စံချိန်တင်ထားတဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ နယူးယော့ခ်နဲ့ စင်ကာ ပူကြား (၁၉)နာရီကြာ တိုက်ရိုက် လေယာဥ် ခရီးစဉ်ရဲ့ စံချိန်ကို ချိုးဖျက်သွားခဲ့ပါတယ်။ ဩစတြေးလျလေကြောင်း လိုင်း Qantas ကလည်း ဆစ်ဒနီမြို့နဲ့ လန်ဒန်မြို့ကြား (၂၂)နာရီကြာ ပျံသန်းမဲ့ လေယာဥ်ခရီးစဉ်အသစ်ကို ၂၀၂၇ ခုနှစ်မှာ စတင်ဖို့ စီစဉ်နေတယ်လို့ ကြေညာထားပြီး အရှည်ကြာဆုံးလေယာဥ်ခရီးစဉ်ပြိုင်ပွဲတွေ ဆက်ရှိနေမယ်လို့ ယူဆရပါတယ်။

image