1 ပတ် - ဘာသာပြန်ပါ။

မီလျှံနာတစ်ဦးရဲ့ နောက်ယောင်ခံလိုက်ခြင်းခံခဲ့ရပြီးနောက် သက်တော်စောင့် ငှားရမ်းခဲ့ရတဲ့ လီဗာပူးစတား
===================

လီဗာပူးအမျိုးသမီးအသင်းစတားတစ်ဦးဟာ မီလျှံနာတစ်ဦးရဲ့ နောက်ယောင်ခံလိုက်ခြင်းခံခဲ့ရပြီးနောက် သက်တော်စောင့်တစ်ဦး ငှားရမ်းခဲ့ရကြောင်း တရားရုံးကြားနာမှုအရ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ လီဗာပူးအလယ်တန်းကစားသမားမာရီဟိုဘင်ဂါဟာ အသက် ၄၂ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် မန်ဂယ်ဒါလာရဲ့ လိင်ပိုင်းဆိုင်ရာမက်ဆေ့ချ်တို့ အင်စတာဂရမ်မှ ပို့ခြင်းလည်း ခံခဲ့ရပါတယ်။
ဒါ့အပြင် ယင်းစီးပွားရေးလုပ်ငန်းရှင်ဟာ ဟိုဘင်ဂါထံသို့ ဖုန်းနံပါတ်လည်း ပေးပို့ခဲ့တဲ့အပြင် သွားရောက်လည်ပတ်ခွင့်ပေးဖို့လည်း တောင်းခဲ့ပါတယ်။
ဒါကြောင့်လည်း ဩစတြီးယားကစားသမားဟာ အမျိုးသမီးစူပါလိဂ်ပွဲ အသွားအပြန်လမ်းတွင် လုံခြုံရေးအတွက် စိုးရိမ်ကာ သက်တော်စောင့်တစ်ဦးအား ငှားရမ်း အသုံးပြုခဲ့ရပါတယ်။
ဒါလာဟာ ဖေဖော်ဝါရီလတွင်တော့ အီတီဟတ်တွင် မန်စီးတီးနှင့် ကစားလာမယ့် ဟိုဘင်ဂါရဲ့ ပွဲအား ကြည့်ရန် လန်ဒန်မှ ရောက်လာချိန်တွင် ကွင်းအတွင်းမှ ထွက်ခွာလာတဲ့ သူမအား စောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့ထံအကြောင်းကြားခြင်းခံခဲ့ရပါတယ်။
မယ်ရီဘုန်းတွင် နေထိုင်တဲ့ ဒါလာက ဟိုဘင်ဂါအား နောက်ယောင်ခံလိုက်ခဲ့ကြောင်း ဝန်ခံသွားပြီး ထိုစဉ်တုန်းက စိတ်မကျန်းမမာ ဖြစ်နေကြောင်း ဆိုထားပါတယ်။
လီဗာပူးကောင်စီရဲ့ ငြိမ်းချမ်းရေးဝန်ဆောင်မှုတရားရေးဌာနက ဇန်နဝါရီလတွင် သူ့အား အာမခံဖြင့် ပြန်လွှတ်ပေးလာပေမယ့်လည်း မာရီဟိုဘင်ဂါအား အဆက်အသွယ်မပြုလုပ်ရန်၊ ဆိုရှယ်မီဒီယာတွင် မတင်ရန် သတိပေးခဲ့ပါတယ်။
ယင်းနောက် အမှုကို Westminster Magistrates Court သို့ လွဲပြောင်းပေးခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ ဟိုဘင်ဂါဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အက်ဖ်စီဇူးရစ်ဖရူအန်မှ လီဗာပူးသို့ ရောက်လာခဲ့သူ ဖြစ်ပါတယ်။

image