ယခုနှစ်အတွင်း အသက် ငါးနှစ်မပြည့်မီ ကလေးများသေဆုံးမှုနှုန်း ပိုမြင့် မားလာနိုင်

နိုင်ငံတကာ အကူအညီပေးအပ်မှုများ လျော့ပါးလာမှုကြောင့်ယခုနှစ်အတွင်း အသက် ငါးနှစ် မွေးနေ့မတိုင်မီ အသက်ဆုံးပါးဖွယ်ရှိသောကလေး အရေအတွက်မှာ ၂၀၂၄ခုနှစ်ကထက် ၂၀၀၀၀၀ ခန့် ပိုများလာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် ဂိတ်ဖောင်ဒေးရှင်းကဒီဇင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဂိတ်ဖောင်ဒေးရှင်း၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ အသက်ငါးနှစ်မပြည့်မီ အသက်ဆုံးပါးခဲ့ရသော ကလေးအရေအတွက်မှာ၄ ဒသမ ၆ သန်းအထိ ရှိခဲ့ကြောင်း
သိရသည်။
သို့ရာတွင် ယခုနှစ်အတွင်းအသက် ငါးနှစ်မပြည့်မီ အသက်ဆုံးပါးနိုင်သော ကလေးအရေအတွက်
မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ၄ ဒသမ ၈ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ဂိတ်ဖောင်ဒေးရှင်းသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်ရှိ အခြေအနေအရ၂၀၂၅ ခုနှစ်သည် ယခု ရာစုနှစ်အတွင်း တားဆီး၍ ရနိုင်သည့် ကလေးများ သေဆုံးမှုနှုန်း မြင့်တက်လာသော ပထမဆုံးနှစ်ဖြစ်လာနိုင်ကြောင်း ဂိတ်ဖောင်ဒေးရှင်းက သတိ
ပေးထားသည်။
ယခုနှစ်စပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုက အစပြု၍ ဗြိတိန်နှင့် ဂျာမနီကဲ့သို့ ကမ္ဘာ့အဓိက အလှူရှင်နိုင်ငံကြီးများက နိုင်ငံတကာသို့အကူအညီပေးအပ်မှုများ လျှော့ချဖြတ်တောက်ခဲ့ပြီးနောက် ယခုနှစ်အတွင်း အသက် ငါးနှစ်မပြည့်မီကလေးများသေဆုံးမှုနှုန်း မြင့်တက်လာနိုင်ခြင်းဖြစ်ကြောင်း ဂိတ်ဖောင်ဒေးရှင်း သတင်းထုတ်ပြန်ချက်၌ သုံးသပ်ထားသည်။

image