ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂) ကျင်းပမည် မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စု စုစုပေါင်း (၂၉၃၁) ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဟု ရွေးကော်ကြေညာ

လာမည် ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂) ကျင်းပမည် မြို့နယ် (၂၀၂)မြို့နယ် အတွင်းရှိ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ရပ်ကွက် နှင့် ကျေးရွာအုပ်စုများ စာရင်းကို ယနေ့ ဒီဇင်ဘာ(၅)ရက်ညပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အသိပေးထုတ်ပြန်ချက်အရ သိရသည်။
အပိုင်း(၁) နှင့် (၂) ၏ မြို့နယ် ၂၀၂ မြို့နယ် အတွင်းက စုစုပေါင်း ရပ်ကွက် (၁၆၁)ရပ်ကွက် ၊ ကျေးရွာအုပ်စု (၂၇၇၀) စုစုပေါင်း (၂၉၃၁)ခုတွင် ကျင်းပနိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရပ်ကွက်ကျေးရွာအုပ်စုနာမည် အသေးစိတ်များကို ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင် ဝက်ဆိုဒ်တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နှင့် အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်(၅၆)မြို့နယ် ရှိကြောင်းလည်း စက်တင်ဘာလက ရွေးကောက်ပွဲကော်မရှင် က အသိပေးထားသည်။

image