တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၏ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၅ ရက်ညနေပိုင်းကကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် ဂုဏ်ပြုည စာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်အပြီး၌ တပ်မတော်နည်းပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့ ၏ ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှုအားပေးပြီးချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ သည် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ် ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်များနှင့် ဂုဏ်ပြုတေးသရုပ်ဖော်အစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုညစာစားပွဲသို့ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်း အုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည့်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။