ဂျာမန်အပျော်တမ်းကလပ်သို့ ပြောင်းပြီးနောက် ပထမဆုံးကစားတဲ့ပွဲတွင် ၂ ဂိုးသွင်းလာတဲ့ ဘယ်လင်ဂမ်ရဲ့ ဖခင်
=====================

ဂျူ့ဘယ်လင်ဂမ်ရဲ့ဖခင်ဟာ အသက် ၄၉ နှစ်အရွယ်မှာပင် ဂျာမန်အပျော်တမ်းကလပ်နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးကစားတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်မှုနှင့်အတူ 'ပစ်မလွဲ'လို့ အမည်ပြောင်ပေးခြင်းခံထားရပြီ ဖြစ်ပါတယ်။
အင်္ဂလန်စူပါစတားဂျူ့နှင့် ဒေါ့မွန်အလယ်တန်းကစားသမားဂျော့ဘ်တို့ရဲ့ ဖခင်မတ်ဘဘ်လင်ဂမ်ဟာ သားဖြစ်သူ ကစားနေတဲ့ ဒေါ့မွန်အနီး ကလပ်ငယ်လေး FC Herdecke-Ende သို့ ပြောင်းခဲ့တာပါ။
အင်္ဂလန်တွင် အပျော်တမ်းမှာ ကျင်လည်စဉ်အတွင်း ဂိုး ၇၀၀ ကျော်သွင်းခဲ့တဲ့ ဂိုးသွင်းစက်ဟာ နိုဝင်ဘာလတုန်းက ဂျာမန်အပျော်တမ်းကလပ်သို့ ပြောင်းခဲ့တာပါ။
သူဟာ အောက်တိုဘာလနှောင်းပိုင်းတုန်းက Berchum-Garenfeld နှင့် ရှုံးထွက်ဖလားပွဲတွင် ကလပ်သစ်အတွက် ပထမဆုံးပွဲကစားခဲ့ရာမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ ကလပ်အတွက် ၂ ပွဲကစားထားရာတွင် ၃ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးမှုပြုလုပ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
မတ်ဟာ ကွင်းအတွင်း ဂိုးသွင်းထားနိုင်သလို နှစ်ပေါင်း ၂၀ ကျော် ပေါင်းသင်းလာတဲ့ ဇနီးသည်ဒီနစ်နှင့် လမ်းခွဲကာ ရဲအရာရှိမယ်တစ်ဦးနှင့် တွဲနေပါတယ်။
မတ်က ဂျာမန်ရှိ သားငယ်ကို ဂရုစိုက်နေပြီး ဇနီးသည်ဒီနစ်က သားကြီးဘယ်လင်ဂမ်ရှိရာ စပိန်တွင် နေထိုင်နေပါတယ်။

image