လိဒ်ပရိသတ်များအား တံတွေးဖြင့် ထွေးခဲ့မှုအတွက် ၄ ပွဲပယ်ခံလာရတဲ့ ဘန်လေစတားဟန်နီဘယ်
==================

ဘန်လေအလယ်တန်းကစားသမားဟန်နီဘယ်မီဘရီဟာ တံတွေးဖြင့် ထွေးခဲ့မှုအတွက် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
ယူနိုက်တက်စတားဟောင်းဟာ ၄ ပွဲပယ်ပြစ်ဒဏ်အပြင် ပေါင် ၁၅၀၀၀ လည်း ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
အသက် ၂၂ နှစ်ရှိ ဟန်နီဘယ်မီဘရီဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် လိဒ်ပရိသတ်များကို တံတွေးဖြင့် ထွေးခဲ့မှုအတွက် စွဲချက်တင်ခြင်းခံခဲ့ရတာပါ။
ဘန်လေတို့ ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ယင်းပွဲရဲ့ ပွဲချိန် ၈၃ မိနစ်တွင် တူနီရှားလက်ရွေးစင်ဟာ လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ လူစားဝင်ရောက်ကစားခြင်း မပြုမီ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန်တွင် ပရိသတ်များကို တံတွေးဖြင့် ထွေးခဲ့တာပါ။
ယင်းပွဲအပြီးတွင် လင်ကက်ရှိုင်းယားရဲတပ်ဖွဲ့က ဟန်နီဘယ်မီဘရီရဲ့လုပ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း ဆိုသွားပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီတွင် ယူနိုက်တက်မှ ပြောင်းလာတဲ့ မီဘရီဟာ ယခုရာသီတွင် ဘန်လေအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၄ ပွဲကစားထားပါတယ်။
သူဟာ ယူနိုက်တက်တွင် ကစားစဉ်တုန်းက အလားအလာအကောင်းဆုံးအကယ်ဒမီထွက်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်ပွဲ ၈ ပွဲတည်းသာ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ဘန်လေတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရန် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲ ၄ ပွဲတည်းသာ ပွဲထွက်ခွင့် ရထားပါတယ်။

image