ထိုင်း၊ အင်ဒိုနှင့် ဗီယက်နမ်တို့တွင် ရေဘေးကြောင့် စီးပွားဆုံးရှုံးမှု ဒေါ်လာဘီလီယံများစွာ ကြုံတွေ့

အာရှနိုင်ငံအချို့သည် မကြာသေးမီကမိုးသည်းထန်စွာရွာသွန်းပြီး ရေလျှံမှုများကြောင့်ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင်ပြောသည်။
နိုဝင်ဘာလမှစ၍ ထိုင်းနိုင်ငံတောင်ပိုင်းတွင်ပြင်းထန်သော မိုးရွာသွန်းမှုကြောင့် နေအိမ်များနှင့်စီးပွားရေးအဆောက်အအုံများစွာ ရေလွှမ်းမိုးခံခဲ့ရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာယာများနှင့် အခြားထုတ်ကုန်များအတွက် အရေးပါသောရော်ဘာစိုက်ပျိုးရေးဧရိယာများလည်း ရေလွှမ်းမိုးခဲ့သည်။
သဘာ၀ကပ်ဘေးများကြောင့် ပျက်စီးဆုံးရှုံးမှုမှာ ဘတ် ဘီလီယံ ၅၀၀ သို့မဟုတ် ဒေါ်လာ၁၅ဒသမ၇ ဘီလီယံခန့် ရှိမည်ဟု ထိုင်းအစိုးရကခန့်မှန်းထားသည်။ အင်ဒိုနီးရှားတွင်လည်း ရေဘေးကြောင့် စီးပွားရေးဆုံးရှုံးမှုမှာ ရူပီးယား ၆၈ထရီလီယံ သို့မဟုတ် ဒေါ်လာ လေးဘီလီယံကျော်ရှိသည်ဟု ခန့်မှန်းထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေအများအပြားသာမက လမ်းများနှင့် တံတားများအပါအဝင် အခြေခံအဆောက်အအုံများပါ ပျက်စီးခဲ့သည်။ လယ်ယာစိုက်ပျိုးမြေ ဧကပေါင်းများစွာရေလွှမ်းမိုးခြင်းခံခဲ့ရသည်။
ဗီယက်နမ်နိုင်ငံသည်လည်း ယခုနှစ်တွင်တိုင်ဖွန်း မုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကိုမကြာခဏ ကြုံတွေ့ခဲ့ရာ ဒေါင် ၈၅ ထရီလီယံသို့မဟုတ် ဒေါ်လာ သုံးဘီလီယံကျော် ဆုံးရှုံးမှုရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

image