မန်းတောင်ခြေ စန္ဒာမုနိဘုရားအတွင်း ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိ

မန္တလေးတောင်ခြေ၊ နန်းမြေဘုံသာ စန္ဒာမုနိဘုရားပရိဝုဏ်အတွင်း လိုင်းကျင်းတူးရာမှ ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိခဲ့ကြောင်း ဂေါကပအဖွဲ့ထံမှ သိရသည်။
အဆိုပါ အရိုးအိုးအား နိုဝင်ဘာလ (၃၀) ရက် ညနေပိုင်းတွင် ဘုရားဂေါပကအဖွဲ့မှ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေစဥ် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အရိုးအိုးတွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း (၂) ရက်ဟု ကမ္ဗည်းထိုးထားသည်။
“ရှေးဟောင်းပညာရှင်တွေလည်း လာကြည့်ကြပါတယ်။ ၁၁၂ နှစ် သက်တမ်းရှိပါတယ်” ဟု ဖြစ်စဉ်ကို သိသူတစ်ဦးကလည်း ပြောသည်။
ယင်းသို့ တွေ့ရှိမှုနှင့် ပတ်သက်၍ ရှေးဟောင်း အကြံပေးပညာရှင် ဦးပေါက်ပေါက်၊ ဒုညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်းနှင့် ဦးအေးလွင်၊ ဒေါ်မျိုးမျိုးသောင်းနှင့် ရှေးဟောင်တာဝန်ရှိသူများ၊ ခရိုင်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်အေး၊ ဂေါပကအတွင်းရေးမှူး/တွဲဘက်အတွင်းရေးမှုးနှင့် ဆောက်လုပ်ရေးတာဝန်ခံများ၊ ဆွေတော်မျိုးတော်များ လာရောက်ကြည့်ရှုဆွေးနွေးခဲ့ကြကြောင်းလည်း ဂေါပကအဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။

image