4 ရက် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံသားများကိုတင်လာသည့်ကားဘီးပေါက်ပြီး ဆည်မြောင်းအတွင်းထိုးကျ (၉) ဦး ‌ေ-သဆုံးခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသား (၁၅) ဦးကိုတင်ဆောင်လာသောကားသည် ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်းအတွင်းထိုးကျသွားခဲ့မှု ယနေ့ ဒီဇင်ဘာ ၃ ရက်နံနက် ၇ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား (၁၅) ဦးကိုတင်ဆောင်လာသောကားသည် ရတ်ချ်ဘူရီခရိုင်၊ ပါက်ထောမြို့နယ်၊ နောင်ကရထုမ့်ကျေးရွာအုပ်စု၊ ကျေးရွာ (၄) ရှိ ဆည်မြောင်းအနီးအရောက် ဘီးပေါက်ကာအရှိန်မထိန်းနိုင်ဘဲ ဆည်မြောင်းအတွင်းသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးကျခဲ့သဖြင့် အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့မှာ ထိခိုက်ဒ-ဏ်ရာများရရှိ၍ အခင်းဖြစ်နေ ရာ၌‌ေ-သဆုံးသွားခဲ့ပြီး ကျန် (၆) ဦးမှာထွက်ပြေးသွားခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ‌ေ-သဆုံးသူ (၉) ဦး၏ ရုပ်အလေ-ာင်းများအား နယ်မြေခံလူမှုကူညီရေးအသင်းများက သက်ဆိုင်ရာနယ်မြေခံဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image