ချင်းတိုင်းရင်းသားဖိုက်တာ ဟာလင်းအုမ်း ထိုင်းဖိုက်တာနဲ့ ထိုးသတ်မယ်

ချင်းတိုင်းရင်းသားဖိုက်တာ ဟာလင်းအုမ်းဟာ ဒီဇင်ဘာ ၁၂ သောကြာညမှာ ကျင်းပမယ့် ONE Friday Fights 136 ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ချတ်ပစ်ချစ်နဲ့ ယှဥ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
ONE Friday Fights 136 ပြိုင်ပွဲကို ဒီဇင်ဘာ (၁၂) ရက်နေ့ ညမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
အဲ့ဒီပြိုင်ပွဲမှာ တွဲဆိုင်း (၁၂) ဆိုင်း ပါဝင်မှာဖြစ်ပြီး ချတ်ပစ်ချစ်နဲ့ ဟာလင်းအုမ်းတို့ဟာ မွေထိုင်း အက်တမ်ဝိတ်တန်းမှာ ပွဲစဥ် (၉) အဖြစ် ယှဥ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
ဟာလင်းအုမ်းနဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ချတ်ပစ်ချစ်ဟာ ONE Firday Fights မှာ (၇) ပွဲထိုးသတ်ထားပြီး (၅) ပွဲနိုင်၊ (၂) ပွဲရှုံးနိမ့်ထားပါတယ်။
ချင်းဖိုက်တာ ဟာလင်းအုမ်းဟာ ONE Friday Fights မှာ (၂) ပွဲသာ ထိုးသတ်ထားရသေးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။
ဟာလင်းအုမ်းဟာ နှစ်ပွဲစလုံးကို ဂျပန်ဖိုက်တာတွေနဲ့ ထိုးသတ်ထားပြီး အခုမှသာ ပထမဆုံး အိမ်ရှင်ထိုင်းဖိုက်တာနဲ့ ထိုးသတ်မှာ ဖြစ်ပါတယ်။
ဟာလင်းအုမ်းဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့အောက်တိုဘာအတွင်းက ဂျပန်ဖိုက်တာနဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာမှာ အမှတ်နဲ့အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

image