ပြည်ထောင်စုရန်ပုံငွေဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံကြီးတွင် 200 KVA ထရမ်စဖော်မာ တပ်ဆင်ပြီးစီး
ပြည်ထောင်စုရန်ပုံငွေဖြင့် မွန်ပြည်နယ် ကျိုက်ထိုပြည်သူ့ဆေးရုံကြီးတွင် 200 KVA ထရမ်စဖော်မာ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးထံက သိရသည်။
အဆိုပါ ထရမ်စဖော်မာ အသစ်ကြောင့် ဆေးရုံကြီး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ (အထူးသဖြင့် ခွဲစိတ်ခန်း၊ အရေးပေါ်နှင့် အသက်ကယ်စက်ပစ္စည်းများ) ကို တည်ငြိမ်စွာ ပံ့ပိုးပေးသွားနိုင်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ယင်းအတွက် အရည်အသွေးကို ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းသည် သတ်မှတ်ချက်အတိုင်း ခိုင်မာမှုရှိကြောင်း အတည်ပြုခဲ့ကြကြောင်း သိရသည်။