မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဘုံအကျိုးစီးပွားဖြစ် ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န)ဝါဟူစိန်တို့သည် ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။