ထိုင်းနိုင်ငံရှိ ရေဘေးကြုံခဲ့ရသည့် ဒေသမှ CI သက်တမ်းတိုးလျှောက်ထားသူများ
မည်သည့် စခန်းများတွင်မဆို သွားရောက်ဆောင်ရွက်နိုင်ကြောင်း အသိပေး

ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်နေရာများမှ CI သက်တမ်းတိုး လျှောက်ထားရမည့် သူများအနေဖြင့် မည်သည့်စခန်းများတွင် မဆိုသွားရောက်ဆောင်ရွက်နိုင်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။
ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်ဟတ်ယိုင်မြို့နှင့် အနီးတစ်ဝိုက်ဒေသများရှိ အလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းနှင့် ငွေပေးသွင်းထားပြီး CI ပြုလုပ်ရန် ကျန်ရှိသူများအနေဖြင့် ငွေပေးသွင်းထားသည့် စခန်းများ
တွင် သွားရောက်ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်ခြင်းများရှိပါက အလုပ်သမားများ အဆင် ပြေစေရေးအတွက်နီးစပ်ရာ CI စခန်းများသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း အသိပေး
ထားသည်။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity) ထုတ်
ပေးရေးစခန်းလေးခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ် ဌာနီမြို့များတွင်လည်းကောင်း၊ Mobile Unit တစ်ခုကို ကရာဘီမြို့တွင်လည်းကောင်း ဖွင့်လှစ်၍ CI သက်တမ်းတိုးလုပ်ငန်းစဉ်များကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
CI လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များကို စခန်းရှိအချက်အလက်များနှင့် တိုက်ဆိုင်
စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image