ထိုင်း-မြန်မာ‌ကမ်းကူးခဈေးမြင့်တက်

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်ကြောရှိ လှေဂိတ်များအားလုံး ဒီဇင်ဘာ ၆ ရက်အထိပိတ်ထား ရမည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ကမ်းကူးခဈေးနှုန်းများမြင့်တက်လာကြောင်း မြဝတီမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်ကြောရှိမြို့နယ်ငါးခု၏လှေဂိတ်များကို လုံခြုံရေးအခြေအနေ ကြောင့်ဟုဆိုကာ ထိုင်းဘက်မှခုနစ်ရက်ယာယီပိတ်ထားမည်ဟုသတင်းများထွက်ပေါ်နေသော်လည်း ယနေ့(ဒီဇင်ဘာ ၁ ရက်) တွင် ပိတ်ထားခြင်းမရှိကြောင်း ကမ်းကူးခများကိုယခင်ကလူတစ်ဦးလျှင် ဘတ် ၈၀၀ ခန့်ကျသင့်ပြီး ယခုဘတ် ၉၀၀ ခန့်ပေးရကြောင်း မြဝတီမြို့မှ​ဒေသခံတစ်ဦးကပြောသည်။
"မနေ့ကတော့ ထိုင်းဘက်ကလှေဂိတ်တွေပိတ်ခိုင်းထားတယ်ဆိုတာတော့သိတယ်။ ဒီမနက်ကြတော့ မပိတ်ဘူးလှေတွေထွက်နေတယ်။ ဒါပေမယ့် ဘတ် ၁၀၀ လောက်စျေးတက်သွားတယ်လို့ပြောတယ်" ဟု မြဝတီမြို့မှ​ ဒေသခံတစ်ဦးကပြောသည်။
မဲဆောက်မြို့နယ် အပါအဝင် ဖုတ်ဖရ၊ အုန်းဖန်၊ တာ့ဆောင်ယန်နှင့် မဲရမတ် စသည့် မြို့နယ်ငါးခုမှ ကမ်းကူးလှေဂိတ်များအားလုံး ရက်သတ္တပတ်အကြာပိတ်ထားရမည်ဟု ထိုင်းအာဏာပိုင်များဘက်က ညွှန်ကြားထားကြောင်း ဒေသတွင်းသတင်းများတွင် ရေးသားထားသည်။

image