ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်ရ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာသည် ဒါကာမြို့တော်ဆေးရုံတစ်ရုံ၌ ဆေးဝါးကုသမှုခံယူနေရပြီး အလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(ဘီအင်န်ပီ)က နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အသက် (၈၀) အရွယ် ဘီအင်န်ပီပါတီခေါင်းဆောင် ခါလီဒါဇီယာသည် နှလုံးနှင့်အဆုတ်အပေါ် အကျိုးသက်ရောက်မှုရှိသည့် ရင်ခေါင်းပိုင်းရောဂါတစ်မျိုးကြောင့် နိုဝင်ဘာ ၂၃ ရက်မှစ၍ဒါကာမြို့တော် ပုဂ္ဂလိကဆေးရုံးတစ်ရုံ၌တက်ရောက်၍ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။
လက်ရှိအချိန်တွင် ဘီအင်န်ပီပါတီ ယာယီခေါင်းဆောင်ဖြစ်သည့် ခါလီဒါဇီယာ၏ သားဖြစ်သူ
တာရီကေးရာမန်ကလည်း ၎င်းအနေဖြင့် ဗြိတိန်မှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာနိုင်ရေးမှာ မသေချာ
သေးကြောင်း ထုတ်ပြောထားသည်။
ဘီအင်န်ပီပါတီ ယာယီခေါင်းဆောင် ရာမန်သည် ၂၀၀၈ ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌
နိုင်ငံရေးပြည်ပြေးတစ်ဦးအဖြစ် နေထိုင်ခဲ့ရသူဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော လူထုအုံကြွမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ပေါင်း
များစွာအုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ အိန္ဒိယသို့ ထွက်ပြေးခဲ့ရပြီးနောက်ပိုင်း
ခါလီဒါဇီယာ၏ ဘီအင်န်ပီပါတီသည် ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ထောက်ခံမှု ပိုမိုရယူနိုင်ခဲ့သည်။
ဘီအင်န်ပီပါတီသည် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာစီနာလက်ထက် ကျင်းပခဲ့သော ၂၀၁၄
ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၄ ခုနှစ်အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
သို့ရာတွင် ရှိတ်ခ်ဟာစီနာ အလွန်ကာလ၌ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရက ကျင်းပပေးမည့်
ရွေးကောက်ပွဲတွင် ပါဝင်ရန် ဘီအင်န်ပီပါတီကစီစဉ်ထားသည်။

image