မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကူညီပါရစေဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ယာယီသမ္မတ ပြောကြား
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကူညီပါရစေဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေး ကျောင်း(ဇီးပင်ကြီး)ရှိ နည်းပြအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အလေ့အကျင့်ကောင်းများရရှိစေရေး သင်တန်းကျောင်းများမှစတင်၍ အခြေခံမှအစ လေ့ကျင့်ဆောင်ရွက်၍ ယုံကြည်ချက်၊ ခံယူချက်ကောင်းများရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကူညီပါရစေဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း၏ အတွေးအခေါ်များ ကောင်းမွန်တိုးတက်စေရေး စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာနေရန်လိုကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။