အထွေထွေရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင်မဲဆန္ဒပေးခြင်း ပထမနေ့ ကို ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တွင် ပြုလုပ်
ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အထွေထွေရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင်မဲဆန္ဒပေးခြင်း ပထမနေ့ ကို ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ကြိုတင်မဲပေးခြင်းကို ယနေ့ ကိုးနာရီခွဲမှ စတင်ကာ လေးနာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ကြိုတင်မဲဆန္ဒပေးခြင်းအား ၁-၁၂-၂၀၂၅ ရက်မှ ၄-၁၂-၂၀၂၅ ရက်အထိ (၄)ရက်တိုင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်လည်း ဖြစ်သည်။
ထို့အတူ ဒီဇင်ဘာ ၆ရက်နှင့် ၇ ရက်များတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ထိုင်းရောက်မြန်မာများ ကြိုတင်မဲပေးနိုင်မည် ဖြစ်ကာ ထိုသူတို့အနေဖြင့် သံရုံးကို လူကိုယ်တိုင်လာရောက်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်၊ မူရင်း/ မိတ္တူနှင့် နိုင်ငံကူရလက်မှတ် မူရင်းတို့ကိုလည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ဗန်ကောက်မြို့၊ မြန်မာသံရုံးက ဖော်ပြထားသည်။