ဗီဇာပြဿနာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲပွဲကို သပိတ်မှောက်မယ်လို့ အီရန် အတည်ပြုလာ
====================
အီရန်က ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူအချို့တို့အား ဗီဇာပေးရန် ငြင်းဆိုလာမှုကြောင့် လာမယ့်လတွင် ဝါရှင်တန်ဒီစီတွင် ပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲပွဲအား မတက်ရောက်ဘဲ သပိတ်မှောက်မယ်လို့ ကြေညာလာပါတယ်။
အမေရိကန်ဟာ နိုင်ငံအချို့တို့အား ပြည်ဝင်ခွင့်ဗီဇာပိတ်ထားပြီး ယင်းအထဲတွင် အီရန်မှာလည်း နိုင်ငံရေးနှင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပါဝင်နေပါတယ်။
အမေရိကန်က အီရန်နည်းပြအပါအဝင် လူ ၄ ဦးကိုသာ ဝါရှင်တန်ဒီစီတွင် ပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားမဲခွဲပွဲသို့ တက်ရောက်ခွင့် ဗီဇာပေးခဲ့ပါတယ်။ အမေရိကန်က ဗီဇာပေးရန် ငြင်းဆိုတဲ့ စာရင်းတွင် အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမီဒီတာလည်း ပါဝင်ပါတယ်။
ယခုအခါ အီရန်က အားကစားနှင့်မသက်ဆိုင်ဘဲ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဗီဇာငြင်းပယ်လာမှုနှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ Kennedy Center တွင် ပြုလုပ်မယ့် ကမ္ဘာ့ဖလားမဲခွဲပွဲသို့ မတက်ရောက်ဘဲ သပိတ်မှောက်လာမှာ ဖြစ်ကြောင်း၊ ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် ဖီဖာကိုလည်း တိုက်တွန်းမှု ပြုလုပ်သွားပါတယ်။
ယခုကဲ့သို့ အီရန်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်လာမှုနှင့်အတူ အီရန်ပရိသတ်များမှာလည်း လာမယ့် နှစ်နွေရာသီတွင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအာ ကိုယ်တိုင်သွားရောက်ခွင့် အခွင့်အရေး ဆုံးရှုံးလာရဖို့ ရှိနေပါတယ်။
တဖက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားပြိုင်ပွဲ လက်မှတ်ရှိတဲ့ ပရိသတ်များကို ဗီဇာပေးသွားမယ်လို့ ကတိပြုထားပါတယ်။