1 ပတ် - ဘာသာပြန်ပါ။

သီပေါ တံတားကနေ ကုန်ကား ခါလီတွေ ပေးဖြတ်ပေမယ့် အချိန်ခဏနဲ့ ပြန်ပိတ်သွား

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ သီပေါကြားက သီပေါ တံတားကနေ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်း ကုန်ကား ခါလီတွေ ပေးဖြတ်ပေမယ့် အချိန် ခဏနဲ့ ပြန်ပိတ်သွားကြောင်း ကုန်ကား သမားတွေဆီက သိရပါတယ်။
"ခါလီ ဖြတ်လို့ ရတယ် ဆိုတာ ကိုးကန့် ဘက်က ပြောတာ။ မနေ့ မနက်ခင်းက ရတယ်။ ဖြတ်လာတဲ့ကားက သူငယ်ချင်းဗျ" လို့ ကုန်ကား သမား တယောက်က ပြောပါတယ်။
တံတား ဖြတ်ခ ပေးစရာ မလိုပဲ ဖြတ်ရ ပေမယ့် တံတား ဖွင့်အချိန်က ခဏပဲလို့ သူက ပြောပါတယ်။
"တံတားက ပြန်ပိတ် လိုက်တာ ဟုတ်တယ်။တပ်ဖက်ကဖွင့်ပေး ကိုးကန့်ကပိတ်လိုက်၊ ကိုးကန့်က ဖွင့်ပေး တပ်က ပိတ်နဲ့။ အတူရပ်ထားတဲ့ကားဆရာ သွားမေးတာ အဲလိုပြောတယ်လေ" လို့ ပိတ်မိနေတဲ့ ကုန်ကားသမား တယောက်က ပြောပါတယ်။
မနေ့က တံတားပေါ်က ကုန်ထမ်း သမားတွေလည်း ရန်ဖြစ်ကြသေးပေမယ့် ကုန်ကား ခါလီ ဖြတ်သန်းခွင့် ပိတ်လိုက်တာက ရန်ဖြစ်လို့တော့ မဟုတ်ဘူး လို့ သူက ပြောပါတယ်။
သီပေါ တံတားကနေ လူ ဖြတ်သန်းခွင့်တောင်မှာ အရင်ရက်တွေက ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေတာကြောင့် ပုံသေမရှိပဲ အခြေအနေ ပေါ်မူတည်ပြီးပဲ ဖွင့်‌လိုက်၊ ပိတ်လိုက် ေနတာ လို့ ယူဆရတယ်လို့ ဆိုပါတယ်။
သီပေါတံတားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစ အစိုးရ တပ်ဖွဲ့ ဘက်ကရော MNDAA ဘက်ကပါ တံတား ဖြတ်သန်းခွင့် ပိတ်လိုက်တာ ဖြစ်ပါတယ်။

image