အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ပါဝင်ခွင့်မရမှုနှင့်အတူ ကမ္ဘာ့ဖလားကို ကိုးလ်ပါလ်မာ လွဲချော်လာနိုင်ဖွယ်ရှိနေ
=====================
ကိုးလ်ပါလ်မာဟာ အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ပါဝင်ခွင့် မရရှိမှုနှင့်အတူ ကမ္ဘာ့ဖလားလူစာရင်းတွင်လည်း ပါဝင်ခွင့်မရတာမျိုး ကြုံလာနိုင်ပါတယ်။
အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ဖီးလ်ဖိုဒန်၊ ဂျူ့ဘယ်လင်ဂမ်၊ အီဘီရီချီအီးဇီးတို့ ပါဝင်ခွင့် ရလာပေမယ့်လည်း ချဲလ်ဆီးရဲ့ကျောနံပါတ် ၁၀ ကစားသမားမှာ အံ့ဩသင့်ဖွယ် ပါဝင်လာခြင်း မရှိပါဘူး။
ဒါ့အပြင် ကိုးလ်ပါလ်မာရဲ့ အင်္ဂလန်ကွင်းလယ်ဖန်တီးရှင်အတွက် နေရာအတွက် ပြိုင်ဘက်များဖြစ်ကြတဲ့ မော်ဂန်ရိုဂျာ၊ မော်ဂန်ဂစ်ဝှိုက်တို့လည်း မပါဝင်ခဲ့ပါဘူး။
စိတ်ဝင်စားစရာကောင်းတာကတော့ သောမတ်စ်တူချယ်ရဲ့နောက်ဆုံး အင်္ဂလန်လူစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိတဲ့ ဂျက်ဂရဲလ်လစ်ရှ် ပါဝင်လာတာပါ။
အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် စတားကစားသမား ၂၉ ဦးအထိ ပါဝင်လာတာဖြစ်ပြီး ပေါင် ၁၀.၉၉ ဖြင့် ရောင်းချနေပါတယ်။
ပါလ်မာဟာ ၂၀၂၅ ခုနှစ် အင်္ဂလန်ပြက္ခဒိန်တွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ချဲလ်ဆီးအတွက် ၄ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
သူဟာ ခြေမရိုးအက်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ယနေ့ည အာဆင်နယ်နှင့်ပွဲစဉ်တွင် ပါဝင်လာပါမယ်။