၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားအိမ်ရှင်လျှောက်ထားရာတွင် အိုးထရက်ဖို့ဒ်ကွင်းသစ်အား ထည့်သွင်းကာ ဗြိတိန်လျှောက်ထားလာ
====================

ဗြိတိန်ဟာ ၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လျှောက်ထားရာတွင် ယူနိုက်တက်ရဲ့ ကွင်းသစ် အိုးထရက်ဖို့ဒ်ကွင်းသစ်ကိုလည်း ထည့်သွင်းလျှောက်ထားလာပါတယ်။
အိုးထရက်ဖို့ဒ်ကွင်းကို ၂၀၂၈ ခုနှစ် အမျိုးသားယူရိုပြိုင်ပွဲလျှောက်ထားမှုတွင် ထည့်သွင်းလျှောက်ထားခဲ့ခြင်း မရှိပါဘူး။ ယင်းကာလအတွင်းတွင် အိုးထရက်ဖို့ဒ်ကွင်းအား တည်ဆောက်နေဆဲကာလမှာသာ ရှိပါဦးမယ်။
အင်္ဂလန်၊ စကော့တလန်၊‌ ဝေးလ်နှင့် မြောက်အိုင်ယာလန်တို့ဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားလာတာ ဖြစ်ပြီး ဖီဖာက ၂၀၂၆ ခုနှစ် ဖီဖာကွန်ဂရက်တွင် မဲခွဲဆုံးဖြတ်လာပါမယ်။
အိုးထရက်ဖို့ဒ်ကွင်းသစ်မှာ တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါတယ်။ တကယ်လို့များ သတ်မှတ်ကာလအတွင်းတွင် စတင်တည်ဆောက်မှု မပြုလုပ်လာပါကလည်း ပြိုင်ပွဲအမီ ပြီးစီးလာမယ်လို့ ယုံကြည်ရပါတယ်။
ဗြိတိန်ဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လျှောက်ထားရာတွင် ဘာမင်ဂမ်ရဲ့ ကွင်းသစ်ကိုလည်း ထည့်သွင်းလာသလို ဗိုလ်လုပွဲကျင်းပလာဖို့ ရှိနေတဲ့ ဝင်ဘာလေကွင်းကိုလည်း ထည့်သွင်းထားပါတယ်။
တကယ်လို့များ ဗြိတိန်သာ ၃၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားကို လက်ခံကျင်းပခွင့်ရလာပါက ၁၉၆၆ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပပြီးနောက် ဒုတိယမြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပမှု ဖြစ်လာပါမယ်။
ဗြိတိန်ဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လျှောက်ထားရာတွင် ကွင်း ၂၂ ကွင်းကို ထည့်သွင်းကြေညာခဲ့ပြီး အင်္ဂလန်မှ ၁၆ ကွင်း၊ ဝေးလ်မှ ၃ ကွင်း၊ စကောတ့လန်မှ ၂ ကွင်းနှင့် မြောက်အိုင်ယာလန်တို့မှ ၁ ကွင်းတို့အား ထည့်သွင်းလာပါတယ်။
ဖီဖာဟာ ၂၀၃၁ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ အမျိုးသားပြိုင်ပွဲကဲ့သို့ပင် အသင်း ၄၈ သင်းဖြင့် တိုးမြှင့်ကျင်းပလာမှာ ဖြစ်ပြီး ကွင်း ၁၅ ကွင်းလိုအပ်ပါတယ်။ ပြိုင်ပွဲတွင် အသင်း ၄၈ သင်းတို့က ၁၀၄ ပွဲကစားလာမှာ ဖြစ်ပြီး ပြိုင်ပွဲကာလ ၃၉ ရက် ကြာမြင့်လာပါမယ်။
ယူနိုက်တက်ဟာ ပရိသတ် ၁၀၀၀၀ ဆန့် အိုးထရက်ဖို့ဒ်ကွင်းသစ် တည်ဆောက်ခွင့် ရရှိထားပြီး ၅ နှစ်အတွင်း အပြီးတည်ဆောက်ရန် မျှော်လင့်ထားကာ ၂၀၃၀-၃၁ ရာသီမှ စတင် အသုံးပြုနိုင်ရန် မျှော်လင့်ထားပါတယ်။
တဖက်တွင် ဘာမင်ဂမ်မှာလည်း ပရိသတ် ၆၂၀၀၀ ဆန့် ကွင်းသစ်စီမံကိန်းကို ကြေညာထားပြီး ၂၀၃၀-၃၁ ရာသီအစတွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားပါတယ်။
ဗြိတိန်ဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအား လက်ခံကျင်းပရန် တစ်ခုတည်းသော လျှောက်ထားမှုအဖြစ် လျှောက်ထားတာလည်း ဖြစ်ပါတယ်။

image