မက်ဒရစ်တွင် ဖုန်းယူဆောင်ခွင့်မရှိတဲ့အပြင် မန်ဘာကြေး ပေါင် ၁၃၀၀၀ အထိ ကောက်ခံမယ့် အထူးသီးသန့် ကလပ်ဖွင့်လှစ်လာမယ့် ခရစ္စတီယာနိုရော်နယ်ဒို
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မက်ဒရစ်တွင် အထူးသီးသန့်ကလပ်တစ်ခု ဖွင့်လှစ်လာမှာ ဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝနောက်ဆုံးရက်များကို ရက်တွက်နေရသူ ဖြစ်ပြီး ကစားသမားဘဝအလွန်တွင် စိတ်ချရတဲ့ ဘဝ ပိုင်ဆိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းချဲ့ထွင်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားဘဝအတွင်းတွင် ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့နှင့်အတူ ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့သူ ဖြစ်ပြီး ကစားသမားဘဝအလွန်ဘဝအတွက် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နေပါတယ်။
Libertad Digital ရဲ့ ဖော်ပြလာမှုအရ မန်နူရယ်ကမ်ပို့စ်ဂွါလာပိုင်ဆိုင်တဲ့ Inigo Onieva and Mabel Hospitality နှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်မြို့လယ်တွင် အထူးသီးသန့်ဗီအိုင်ပီအဖွဲ့ဝင်များသာ လာရောက်ခွင့် ရှိတဲ့ ကလပ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
၎င်းတို့ဟာ ပုံမှန်နိုက်ကလပ်များကဲ့သို့ အလှဆင်ရုံဆက်ထားရုံ သက်သက် ကလပ်တစ်ခု မဟုတ်ဘဲ ဇိမ်ခံပစ္စည်းများ ထည့်သွင်းထားသလို လုံခြုံစိတ်ချရမှု၊ အထူးသီးသန့်ဆန်တဲ့ ခံစားမှုကိုပါ ရရှိစေမယ့် ကလပ်အား ဖွင့်လှစ်လာကြမှလည်း ဖြစ်ပါတယ်။
ယင်းကလပ်အတွင်းတွင် အထူးသီးသန့်ညစာစားနိုင်မယ့် နေရာနှင့် ဘားတို့ ပါဝင်လာမှာ ဖြစ်ပြီး ဆိတ်ငြိမ်မှုကို ဦးစားပေးလုပ်ဆောင်လာမှာလည်း ဖြစ်ပါတယ်။
ယင်းကလပ်အဖွဲဝင်ရဲ့ တန်ဖိုးအကြီးဆုံးကလပ်အဖွဲ့ဝင် ‘Founders’ Membership’ တစ်ဦးရဲ့ အဖွဲ့ဝင်ကြေးကိုလည်း ပေါင် ၁၃၀၀၀ အထိ ကောက်ခံလာပါမယ်။ ယင်းအဖွဲ့ဝင်ကြေးပေးသွင်းထားသူအဖြစ် ရာသက်ပန် ကလပ်အား အသုံးပြုနိင်သလို ဘုတ်ကင်လည်း တင်နိုင်ပါတယ်။
ပုံမှန်အဖွဲ့ဝင်ကြေးကို တစ်နစ် ပေါင် ၂၀၀၀ ကျော်ကောက်ခံသွားမှာ ဖြစ်ပြီး ပေါင် ၁၇၅၀ အား ချက်ချင်းပေးသွားရပါမယ်။
အသက် ၃၅ နှစ်ရှိအောက် ရှိသူများအနေဖြင့် မှတ်ပုံတင်ကြေး ပေါင် ၉၀၀ အပြင် တစ်နှစ် ပေါင် ၁၃၀၀ အား အဖွဲ့ဝင်ကြေးပေးရပါမယ်။
တဖက်တွင် စုံတွဲဖြစ်ပါက တစ်နှစ်စာအတွက် ပေါင် ၁၇၅၀ သာ သွင်းရပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Nassr တွင် တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀၀ ကျော်အထိ ရရှိနေတာ ဖြစ်ပြီး တန်ဖိုးကြီးကားများ ဝယ်ယူစုဆောင်းခြင်း၊ ဟိုတယ်လုပ်ငန်းများ၊ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် အဝတ်အစားများ ထုတ်လုပ်ခြင်း၊ နာရီကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံခြင်း၊ MMA ပရိုမိုတာကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံ့ခြင်းတို့ ပြုလုပ်ထားပါတယ်။

image