ငလျင်ဒ-ဏ်သင့် SME လုပ်ငန်းများကို ကျပ်သိန်း (၄၀) ကနေ သိန်း (၁၀၀) ထိ UNDP ထောက်ပံမည်

ပြီးခဲ့သည့် ငလျင်ဒ-ဏ်ထိခိုက်ခံစားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အငယ်စားနှင့် အလတ်စားလုပ်ငန်း (၂၀၀) ဝန်းကျင်ကို ပထမအသုတ်အဖြစ် ငွေကြေးထောက်ပံမှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်) က ယမန်နေ့ နိုဝင်ဘာ (၂၇) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
UNDP ၏ ELearning Portal For MSMEs အစီအစဉ်က ထောက်ပံ့မည်ဖြစ်ပြီး ထောက်ပံကြေးလျှောက်လွှာများကို ဒီဇင်ဘာ (၅) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်း (၄၀) မှ သိန်း (၁၀၀) ထိ ပေးအပ်မည်ဖြစ်ပြီး အချက်အလက်ဖြည့်သွင်းမှုများ ပြုလုပ်ရမည်ဖြစ်ပြီး မှန်ကန်တိကျမှုရှိမှသာ ငွေကြေးထောက်ပံမှုကို အောင်အောင်မြင်မြင်လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားနိုင်ရန် ELearning Portal For MSMEs နာမည်ဖြင့် FACEBOOK PAGE က တဆင့် သွားရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားမည်လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်သိရှိလိုသည်များကိုလည်း အဆိုပါ FACEBOOK PAGE ကတဆင့် စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း အသိပေးထားသည်။

image