ဘောလုံးပွဲများ လောင်းကစားမှု ပြုလုပ်မှုအတွက် အက်ဖ်အေရဲ့ စုံစမ်းစစ်းမှုခံခဲ့ရတဲ့ စပါးစ်ပိုင်ရှင်ဟောင်းဂျိုးလီဝစ်
===================
စပါးစ်ပိုင်ရှင်ဟောင်းဂျိုးလီဝစ်ဟာ ဘောလုံးပွဲများအား လောင်းကစားမှု ပြုလုပ်မှုအတွက် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးခြင်းခံခဲ့ရကြောင်း သိရပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၂ ခုနှစ်တုန်းက ယခုအခါ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘီလျှံနာအား စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အက်ဖ်အေဟာ ၂၀၀၁ ခုနှစ်တွင် စပါးစ်ကို ထိန်းချုပ်ခဲ့တဲ့ ဂျိုးလီဝစ်မှာ ဘောလုံးပွဲများတွင် လောင်းကစားမှု ပြုလုပ်ပြီး စည်းမျဉ်းချိုးဖောက်နေတယ်လို့ သံသယဝင်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အက်ဖ်အေဟာ အရေးယူရန် လုပ်ဆောင်ခဲ့ပေမယ့် တစုံတရာ မပြုလုပ်နိုင်ခဲ့ဘဲ အမှုကို အဆုံးသတ်ခဲ့ပါတယ်။
ထိုစဉ်တုန်းက လီဝစ်မှာ စပါးစ်ပိုင်ရှင်နေရာကို ရယူ ဦးစီးနေတာပါ။ အက်ဖ်အေရဲ့ စည်းမျဉ်းအရ ကစားသမား၊ နည်းပြ၊ တာဝန်ရှိသူများအပါအဝင် ဘောလုံးနှင့် သက်ဆိုင်တဲ့အလုပ်ကို လုပ်နေသူများ လောင်းကစားမှု လုပ်ခွင့်မရပါဘူး။
လီဝစ်ဟာ ၂၀၂၂ ခုနှစ်တွင် သူ့ရှယ်ယာများကို မိသားစုပိုင် Lewis Family Trust ထံ လွဲပြောင်းပေးခဲ့ပါတယ်။
ယင်းသို့ လွဲပြောင်းလိုက်မှုနဲ့အတူ အက်ဖ်အေဟာ လီဝစ်အား စုံစမ်းစစ်ဆေးမှုကိုလည်း အဆုံးသတ်လိုက်ရပါတယ်။
လီဝစ်ဟာ အမေရိကန်တွင် အတွင်းလူကုန်သွယ်မှုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရပြီးနောက် ပေါင် ၄ သန်း ဒဏ်ရိုက်ခံရပြီးချိန်တွင် ဒေါ်နယ်ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် အက်ဖ်အေဟာ လီဝစ်အမှုအား စုံစမ်းစစ်ဆေးချိန်တွင် သက်သေအထောက်အထားတစုံတရာ တွေ့ရှိခဲ့သလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။