ဩစတြေးလျအိုးပင်း အကြိုပြိုင်ပွဲ၌ ကာဂျီယော့စ်ဝင်ပြိုင်မည်
--------------------------
ဩစတြေးလျတင်းနစ်သမား နစ် ကာဂျီယော့စ်ဟာ လာမယ့်နှစ် ဩစတြေးလျအိုးပင်းမှာ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်မှုအဖြစ် ပြိုင်ပွဲအကြိုကျင်းပမယ့် ကူယောင်း ကလပ်စစ် တင်းနစ်ပြိုင်ပွဲကိုဝင်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ကာဂျီယော့စ်ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာတွေရဲ့ နှိပ်စက်မှုဒဏ်ကို ခံစားခဲ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း တစ်ဦးချင်းပွဲစဉ် ၅ ပွဲသာ ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၆၆၆ မှာရပ်တည်နေတဲ့ ကာဂျီယော့စ်အနေနဲ့ ဩစတြေးလျအိုးပင်းနဲ့ ဂရင်းစလမ်ပြိုင် ပွဲတွေမှာ ဝင်ခွင့်ရဖို့အတွက် အေတီပီတိုးပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ကို လိုအပ်နေတာဖြစ်ပါတယ်။ ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲ ချန်ပီယံဟောင်းဖြစ်သလို ဩစတြေးလျအိုးပင်းကျင်းပရာ မဲလ်ဘုန်းပါ့ခ်မှာလည်း နာမည်ကျော်ကြားခဲ့ဖူးတဲ့ ကာဂျီယော့စ်ကို လာမယ့်နှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ အလိုအလျောက်ဝင်ခွင့် ပေးမယ်လို့လည်း သတင်းတွေ နေပါတယ်။
ကာဂျီယော့စ်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် တင်းနစ်ပွဲတစ်ခုကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ကူယောင်းကလပ်စစ်ပြိုင်ပွဲကို အီတလီ နာမည် ကြီးတင်းနစ်သမားတွေဖြစ်တဲ့ ကိုဘိုလီ၊ဘာရက်တီနီနဲ့ ကမ္ဘာ့အဆင့် ၈ မူဆက်တီတို့လည်း ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်း ပေးထားပါတယ်။