စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအ​ဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦး​ဆောင်သည့် မြန်မာ့တပ်မ​တော်ကိုယ်စားလှယ်အဖွဲ့တက်​ရောက်

စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်း တပ်ဦးစီးချုပ်များအစည်းအ​ဝေး(26th ASEAN Chiefs of Army Multilateral Meeting-26th ACAMM)သို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်​၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သောမြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်​ရောက်ခဲ့​ကြောင်း သိရသည်။
မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(နိုဝင်ဘာ ၂၆ ရက်) နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံရှိ Pan Pacific Hotel ၌ ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(26th ACAMM) နှင့် (၁၃)ကြိမ်မြောက် အာဆီယံ လုပ်သက်ရင့်အရာခံဗိုလ်များ နှစ်ပတ်လည်အစည်း အဝေး (13rd ASMASM)တို့၏ ပူးတွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့​ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စင်ကာပူကာကွယ်ရေးဝန်ကြီး ချန်ချွန်စင်း (Mr. Chan Chun Sing) က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များကအစည်းအဝေး ခေါင်းစဉ်ဖြစ်သော “ရာသီဥတုပြောင်းလဲမှု များနှင့်အတူ ပိုမိုထိရောက်သော HADR လုပ်ငန်းစဉ်များကြိုတင်ပြင်ဆင်ရေး (Climate Adaptation in HADR Operations)" နှင့်အညီ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့​ကြောင်း သိရသည်။
ထို့နောက် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (26th ACAMM)၏ ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့​​ကြောင်းာသိရသည်။
ထို့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ဘရူနိုင်းဘုရင့်တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Aldi bin Haji Hassan ၊ ထိုင်းဘုရင့်တပ်မတော်၊ ဒုတိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Amarit Boonsuya ၊ စင်ကာပူတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် Cai Dexian ၊ မလေးရှားဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Maruli Simanjuntak လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ် Kongthong Soukhavong တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့​ကြောင်းသိရသည်။
ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိခဲ့ပြီး သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံနှုတ်ဆက်စကားပြောကြား ၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

image