7 ရက် - ဘာသာပြန်ပါ။

ပုဒ်မ ၅၀၅- ကဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ တရားစွဲဆိုခံရသူများ နှင့် တိမ်းရှောင်နေသူများအား ပြစ်ဒဏ်လျှော့ပေါ့လွတ်ငြိမ်းခွင့် နှင့် အမှုပိတ်သိမ်းဟု ထုတ်ပြန်ဲ

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသောသူများနှင့် တိမ်းရှောင်နေသူများအား ပြစ်ဒဏ်လျှော့ပေါ့ခြင်းနှင့် အမှုများပိတ်သိမ်းကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ယနေ့(နိုဝင်ဘာ ၂၆ ရက်)ညပိုင်းတွင် ကြေညာသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသား/အကျဉ်းသူ ၇၂၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ် ၁၀ /၂၀၂၅ ဖြင့်ထုတ်ပြန်ထားသည်။
ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း အမိန့်အမှတ် ၁၁ /၂၀၂၅ ဖြင့် ကြေညာသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦး တို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၇ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်ကြောင်း အမိန့်အမှတ် ၁၂ /၂ဝ၂၅ ဖြင့် ကြေညာထားသည်။

image