7 ရက် - ဘာသာပြန်ပါ။

မြန်မာ ယူ- ၂၂ အသင်း ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် နိုဝင်ဘာ (၃၀) ထွက်ခွာမယ်

၂၀၂၅ ထိုင်းဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာ ယူ- ၂၂ အသင်းဟာ နိုဝင်ဘာ (၃၀) ရက်မှာ ရန်ကုန်မြို့က ထွက်ခွာမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၂၂ အသင်းဟာ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စု (C) မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။
ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲဝင် အသင်း (၁၀) သင်းကို အုပ်စု (၃) ခုခွဲ ကျင်းပမှာဖြစ်ပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံးတစ်သင်းစီနဲ့ အကောင်းဆုံးအုပ်စုဒုတိယရအသင်း ပေါင်း (၄) သင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၂၂ အသင်းဟာ အုပ်စုပထမနေ့ပွဲအဖြစ် လာမယ့်ဒီဇင်ဘာ (၅) ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ စတင်ယှဥ်ပြိုင်ကစားမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၂၂ အသင်းကို ဂျပန်နည်းပြ ကူရိုဆာကီက တာဝန်ယူကိုင်တွယ်နေပါတယ်။
Photo- MFF

image