(၈) ကြိမ်မြောက် MFF Congress နိုဝင်ဘာ (၂၈) ပြုလုပ်မယ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ရဲ့ (၈) ကြိမ်မြောက် ကွန်ဂရက်ကို နိုဝင်ဘာ (၂၈) ရက်မှာ ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
MFF ကွန်ဂရက်ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း တက်ရောက်မှာဖြစ်ပါတယ်။
MFF ကွန်ဂရက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက အွန်လိုင်းရုပ်သံကနေ နှုတ်ခွန်းဆက်စကား ပြောကြားမှာဖြစ်ပါတယ်။
MFF ကွန်ဂရက်မှာ မြန်မာ့ဘောလုံးလောကအတွင်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူများကို စွမ်းဆောင်ရည်ဆုချီးမြှင့်မှာဖြစ်ပါတယ်။
AFC ရဲ့ Best Grassroots Club Award ဆု ရရှိတဲ့ Future Stars Football Training ကိုလည်း စွမ်းဆောင်ရည်ဆု ချီးမြှင့်မှာဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်ရဲ့ ဘဏ္ဏာရေးအစီရင်ခံစာကို ပြန်လည်အတည်ပြုခြင်း၊ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့ဘောလုံးနဲ့ပတ်သက်လို့ ဆောင်ရွက်မှုများကို တင်ပြခြင်း၊ ၂၀၂၅ ခုနှစ်ရဲ့ ရငွေ၊ သုံးငွေ၊ လက်ကျန်စာရင်းများကို တင်ပြခြင်း၊ ၂၀၂၆ ခုနှစ်အတွက် သုံးစွဲမယ့် လျာထားဘဏ္ဏာရေးစာရင်းကို တင်ပြခြင်း၊ အလုပ်အမှုဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ခြင်း အစရှိတဲ့ လုပ်ဆောင်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
MFF ကွန်ဂရက်ကို MFF ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးများ၊ မြန်မာ့ဘောလုံးလောကအတွင်းမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားတဲ့ မီဒီယာများတက်ရောက်ကြမှာဖြစ်ပါတယ်။
Photo- MFF

image